Thursday, February 2, 2012

အသည်းနှင့်တည့်အောင်နေပါ

အသည်းနှင့်တည့်အောင်နေပါ

     အသည်းဆိုတာ ခန္ဓာကိုယ်ရဲ့ ဓာတ်ခွဲခန်း (သို့) ဓာတုဗေဒ စက်ရုံကြီးဖြစ်ပါတယ်၊ ဇီဝယန္တာရားကြီး ပုံမှန်လည်ပတ်ဖို့အတွက် အစာအာဟာရကို ကုန်ကြမ်းပြုပြီး လိုအပ်တဲ့ ဇီဝပစ္စည်းတွေ ထုတ်လုပ်ပေးပါတယ်၊ ပြီးတော့ ခန္ဓာကိုယ်အတွင်းကို ရောက်လာသော အဆိပ်အတောက်တွေ (ဥပမာ-အရက်နှင့် ဓာတုပစ္စည်းတွေ) ကိုလည်း ချေဖျက်စွန့်ထုတ်ပေး နေပါတယ်။

    ဒီတာဝန်ကို အသည်းဟာ အခြားအင်္ဂါတွေနဲ့ ပူးပေါင်းပြီး (၂၄)နာရီ ထမ်းဆောင်ရာမှာ ဇီဝနာရီရဲ့ အချိန်ဇယားအတိုင်း ဆောင်ရွက်နေတယ်လို့ သိရပါတယ်၊ လူတွေဟာ ဒီအချိန်ဇယားနဲ့

နားနှင့် ပတ်သက်ပြီး ရှောင်ကျဉ်သင့်သော အချက်များ

နားနှင့် ပတ်သက်ပြီး ရှောင်ကျဉ်သင့်သော အချက်များ

     ကျနော် အပါအ၀င် လူ 90% လောက်က နားနဲ့ပတ်သက်ပြီး ဗဟုသုတ နဲကြပါတယ်လေ ...။
     နားတွေမှာ သူဘာသာသန့်စင်စေခြင်းနဲ့ သူဘာသာ ကာကွယ်နိုင်ခြင်းဆိုတဲ့ သဘာဝသတ္တိရှိပြီးသားပါ။ ဒါ့ကြောင့် နားတွေကို မမှန်ကန်တဲ့နည်းတွေနဲ့ သန့်စင်ဆေးကြောမှု ပြုလုပ်တဲ့အခါ နားမှာ ထိခိုက်ဒဏ်ရာရခြင်းနဲ့ နားတွင်း ကူးစက်ပိုးဝင်ခြင်းဆိုတဲ့ ပြဿနာတွေ ဖြစ်စေနိုင်ပါတယ်။

(၁) နားဖာချေးကို မကလော်ပါနဲ့

အိပ်မပျော်သည့်ဝေဒနာ (ဒေါက်တာအောင်မော်)

အိပ်မပျော်သည့်ဝေဒနာ (ဒေါက်တာအောင်မော်)
အိပ်ခြင်းသည် လူတိုင်း အသက်ရှင်ရပ်တည်နေနိုင်ရန် အတွက် မရှိမဖြစ်လိုအပ်သော အနားယူမှု၊အားမွေးမှု တစ်ခုဖြစ်သော်လည်း လူတစ်ယောက် ကျန်းမာစွာ နေနိုင်ရန် လိုအပ်သည့် အိပ်ပျော်မှု အချိန်ပမာဏသည် တစ်ယောက်နှင့်တစ်ယောက် လုံးဝမတူုနိုင်သည့် ကိစ္စတစ်ခုပင် ဖြစ်သည်။ အိပ်ပျော်ခြင်းနှင့် ပတ်သက်၍ တစ်နေ့လျှင် မည်မျှအိပ်သင့်သည်၊ မည်သို့မည်ပုံ  အိပ်သင့် သည် တို့ကို အကြမ်းအားဖြင့်သာ ပြောဆိုနိုင်ပြီး ပုံသေသတ်မှတ် ပြောဆို၍ မရနိုင်ပေ။ လူတစ်ဦးသည် တစ်နေ့လျှင်(၈)နာရီမှ (၉)နာရီ အထါ အိပ်ပျော်မှ အိပ်ရေးဝပြီး ကိုယ်စိတ်နှစ်ပါး ကြည်လင်လန်းဆန်း ကျန်းမာကာ အလုပ်ကို အားအင်အပြည့်ဖြင့် လုပ်ကိုင်နိုင်မည် ဖြစ်သော်လည်း နောက်တစ်ဦးအဖို့ တစ်နေ့လျှင် (၅)နာရီမျှလောက် ပြည့်ပြည့်၀၀ အိပ်ပျော်ရုံဖြင့် သူ့အတွက် ကျန်းမာရေးနှင့် ပြည့်စုံလုံလောက် နိုင်ပေသည်။

နေ့စဉ် ကွန်ပျူတာသုံးသူများ၏ မျက်စိကျန်းမာရေးအတွက်

နေ့စဉ် ကွန်ပျူတာသုံးသူများ၏ မျက်စိကျန်းမာရေးအတွက်

     ကွန်ပျူတာရှေ့မှာ တစ်နေ့တာရဲ့ အချိန်တွေ တော်တော်များများ ရှိနေတတ်တဲ့ သူတွေ အားလုံးအတွက် ကွန်ပျူတာ အသုံးပြုရင်း မျက်စိကို ထိန်းသိမ်း စောင့်ရှောက်နည်းတွေ ဖော်ပြ ပေးလိုက်ပါတယ်။ ကွန်ပျူတာရှေ့မှာ တစ်နေကုန်နီးပါးနေပြီး သတင်းတွေ ကြိုးစားပမ်းစား တင်ပေးတတ်တဲ့ mutdfan.com ရဲ့ အယ်ဒီတာချုပ် ကိုဇော်ဇော်နဲ့ mmDailyNews အယ်ဒီတာချုပ် မဥမ္မာတို့ ဇနီးမောင်နှံနဲ့ အက်ဒမင်များအားလုံး၊ ကွန်ပျူတာနဲ့ တစ်ချိန်လုံး နားပန်းလုံးနေတတ်တဲ့ အွန်လိုင်းပျော် စာဖတ်ပရိသတ်များ အားလုံးအတွက် ရည်ရွယ်ပါတယ်။ အာရုံငါးပါးထဲမှာ အမြင်အာရုံဟာ ပျောက်ဆုံး ထိခိုက်သွားလို့ မဖြစ်ဆုံး အာရုံဖြစ်လို့ ဂရုတစိုက် မပျင်းမရိ ထိန်းသိမ်း သွားသင့်ပါတယ်။ ဒီအတွက် လိုက်နာသင့်တဲ့

နှာခေါင်းသွေးလျှံခြင်း ရပ်အောင်လုပ်နည်းများ

နှာခေါင်းသွေးလျှံခြင်းသည် နှာခေါင်းအတွင်းရှိ သွေးကြောများ

ပေါက်ထွက်ခြင်းကြောင့်ဖြစ်ပြီး ကလေးများတွင် အဖြစ်များသည်။

နှာခေါင်းသွေးလျှံခြင်းသည် သူ့အလိုလို ရပ်သွားနိုင်သော်လည်း

အမြန်ရပ်အောင် လုပ်နည်းများလည်း ရှိပါသည်။
 

အစာအဟာရ မှန်ကန်စွာ စားသောက်နည်း

အစာအဟာရ မှန်ကန်စွာ စားသောက်နည်း

     ယခုအခါတွင် ကမ္ဘာအနှံ့ရှိ နိုင်ငံပေါင်းများစွာတွင် ကျန်းမာရေးအတွက် အထူးကောင်းမွန် သင့်တော်ပြီး အဟာရဓာတ် မျှတစွာ ပါဝင်အောင် စီမံပြုလုပ်ထားသည် ဆိုသည့် အသင့်သုံးစွဲ နိုင်သော အစားအစာထုတ်များ စည်သွပ်ဗူးများ၊ ဖျော်ရည်ပုလင်းများ အမျိုးစုံလင်စွာ ထုတ်လုပ် ရောင်းချလျက် ရှိပါသည်။ ထိုအစားအစာများသည် ကျွန်ုပ်တို့ နိုင်ငံသို့ ယခုအခါ  နည်းမျိုးစုံဖြင့် ၀င်ရောက်လာကာ ဈေးဆိုင်ကြီးများ၊ စတိုးဆိုင်ကြီးများ၌ ဈေးနှုန်းများ ကြီးမားလှသော်လည်း ရောင်းမလောက်အောင်ပင် ဖြစ်နေကြောင်း တွေ့ရှိရလေသည်၊။လူအများစုသည် အမြဲတန်းလိုလိုပင် ကျန်းမာနုပျိုစေမည့် အစားအစာများ၊ အိပ်ပျော်စားဝင်စေသည့်

ခေတ္တလေပိတ်ခြင်း

ခေတ္တလေပိတ်ခြင်းသည် ခေတ္တလေဖြတ်သွားခြင်းပင်ဖြစ်သည်။ ရုတ်တရက် လက်၊
ခြေများအေး၍ လေးလံလာပြီးနောက် မိနစ်အနည်းငယ် အကြောတွင် မလှုပ်နိုင်၊
မကြွနိုင်၊ မလှမ်းနိုင် ဖြစ်သွားပါသည်။
ပို၍ဆိုးလျှင် စကားပြောပါလေးပြီး လျှာဝါးသလို ဖြစ်သွားတတ်ပါသည်။
ထိုသို့ဖြစ်ပြီးနောက် (၁)နာရီ၊ (၂)နာရီ ကြာသောအခါ
အလိုလိုပြန်ကောင်းသွားပါသည်။ ဤသို့ဖြစ်ခြင်းမှာ လေတွန်းအားဖြင့်
လှည့်လည်နေသော နှလုံးသွေးလွှတ်ကြောများတွင် လေပိတ်ဆို၍ ဦးနှောက်သို့
သွေးအရောက် နည်းသွားခြင်း ဖြစ်ပါသည်။ ထို့နောက်
အလိုအလျောက်ပြန်ပွင့်သွား၍ ပြန်ကောင်းသွားသည်။ ဤကဲ့သို့ဖြစ်ခြင်းမှာ
ရှေ့(၂)နှစ်အတွင်း လေဖြတ်မည်ဟု သတိပေးသော လက္ခဏ ဖြစ်ပါသည်။ လေဖြတ်မည့်
အနေအထိုင် အစားအသောက်ဆင်ခြင်၍ သွေးပေါင်မတတ်အောင် အအေး မပတ်အောင်
ဂရုစိုက်နေပါ။ စိတ်ရှုပ်စရာ လုပ်ငန်းများကို ရပ်ဆိုင်းပါ။ မရပ်ဆိုင်းလျှင်
စိတ်ကြောင့် လေဖြတ်သည်အထိ ဖြစ်နိုင်ပါသည်။ အချို့က ခေတ္တလေပိတ်နေချိန်တွင်
တစ်ကိုယ်လုံး ပရုတ်ဆီလိမ်း၍ ပြန်ကောင်းသါားသည်ဟု ထင်ကြသည်။ အချို့ကလည်း
စပါးကြီးသည်ခြေ လျှာပွတ်၍ ပြန်ကောင်းသွားသည်ထင်ကြသည်။ အချို့က
အိမ်ရောက်လာသော အနှိပ်သည်က ကြုံ၍၀င်နှိပ်ပေးလိုက်ရာ “လေဖြတ်တာ
တစ်ခါတည်းနှိပ်တာနဲ့ ကောင်းသွားတယ်” ဟုပြောကြသည်။ မဟုတ်ပါ။
တိုက်ဆိုင်ခြင်းသာ ဖြစ်ပါသည်။ သင် သတိမထားလျှင် ရှေ့လာမည့်
(၂)နှစ်အတွင်းမှာ လေဖြတ်မည့်ရှေးပြေး လက္ခဏကြီးတစ်ခု ဖြစ်ပါသည်။
ရေချိုးပြီးတိုင်း မျက်စိနီရဲသူများနှင့် ခေတ္တလေပိတ်ဖူးသူများမှာ
လေဖြတ်နာတာရှည်ဖြစ်မည့် လက္ခဏ အပြည့်ရှိသူများ ဖြစ်သည်။
ကြိုတင်သတိရှိကြပါ။

ကြိုတင်ကာကွယ်နည်း (၃)သွယ်

       (၁)     သမားတော်များနှင့် ကြိုတင်ကုသမှုခံယူခြင်း။
               ဤနည်းမှာ မိမိတွင်ဖြစ်ပေါ်နေသော ရောဂါလက္ခဏများနှင့် ခံစားချက်များကို
               မိမိယုံကြည်ရာ-

       (က)     အနောက်တိုင်း အထူးကုဆရာဝန်များထံတွင် တင်ပြကုသမှုခံယူခြင်း။

       (ခ)     တိုင်းရင်းသမားတော်ကြီးများ၊ တိုင်းရင်းဆေးရုံကြီးများတွင် ပြသကုသမှုခံယူခြင်း။

လေဖြတ်လျှင် သွေးဖောက်ပြီးအမြန်ကယ်ဆယ်ပြုစုကုသနည်း

ပထမ အရေးအကြီးဆုံ့းအချက်မှာ လေဖြတ်သောလူနာကိုဧည့်ခန်း ၊ ရေချိုးခန်း ၊ အိမ်သာခန်း ၊ စသဖြင့် မည်သည့်နေရာတွင်ဖြစ်စေ၊ လေ . စဖြတ်သောနေရာမှ ရွှေ့ ပြောင်းသယ်မခြင်း လုံးဝ မပြုလုပ်ရပါ။
ထိုသို့ ချင်ချင်းရွှေ့ ပြောင်းသယ်ဆောင်ပါကကားဆောင့် ခြင်း ၊ လှုပ်ရှား ခြင်း ဒဏ်များကြောင့်ဦးနှောက်သွေးကြောလေးများကိုပို ၍လျင်မြန်စွာ ပေါက်ကွဲစေပြီးလူနာ၏ အခြေနေကို ပိုပိုဆိုးစေပါသည်။
ထို့ ကြောင့် လူနာကို မည်သည့်နေရာသို့မျှ ရွှေ့ပြောင်းချင်းမပြုလုပ် ပါနှင့် ၊ လူနာကို
ဖြစ်သည့်နေရာ၌ပင် အသာထူမပေးပြီး ပြန်လဲမကျသွားစေရန် အသာမှေး ၍ထိုင်စေရပါမည်။ လူနာသည်
ကိုယ်တိုင်မထိုင်နိုင်ပါက ဘေးမှလူတစ်ဦးက

အကြောပြင်နှင့် အနှိပ်

အနှိပ်နှင့် အကြောပြင် ဘာကွာခြင်းသလဲဟု မေးကြပါသည်။ အ၀လွန်ပင်
ကွာခြားပါသည်။ အနှိပ်ဆိုသည်မှာ ကြွက်သားများ တင်းမာမှုကို လျော့စေရန်
လက်အင်အားသုံး၍ နှိပ်ခြင်းဖြစ်သည်။ တစ်ခါတရံတွင် ခြေထောက်ပါကူပြီး
တတ်နှင်းကြသည်။ နောက်ဆုံး အပူထုတ်သည်။ အပူထုတ်သည်ဆိုသည်မှာ ပေါင်ထိပ်
(သို့မဟုတ်) ချိုင်းအောက်မှ သွေးစီးဆင်းနေသော သွေးကြောကြီးများကို
ဖိနှိပ်ပိတ်ထားပြီး တစ်မိနစ်၊ နှစ်မိနစ်အကြာတွင် လွှတ်ပေးလိုက်ရာ
သွေးကြောပွင့်ပြီး အလုံးအရင်းစီးသွားသည်တွင် ပူရှိန်ဆင်းသွားသည့်

အကြောဖွင့်ခြင်း

အကြောဖွင့်သည်ဆိုခြင်းမှာ အကြောအတွင်း သွေးအသွားအလာ တစ်နည်း၊ လေ
အသွားအလာကို အဖွင့်အပိတ်စနစ်ဖြင့် အကြောဆရာက စစ်ဆေးကြည့်နိုင်ပါသည်။
အကြောပိတ်သောနေရာ (သို့မဟုတ်) ဘယ်ခြမ်း၊ ညာခြမ်း ပိတ်သောအခြမ်းကို
အကြောဖွင့်ရပါမည်။
တစ်ပတ်ကို အနည်းဆုံးနှစ်ရက်၊ အကြောဖွင့်ပေးလျှင် ပြန်ကောင်းနိုင်ပါသည်။
အကြောအလွန် ပိတ်သူများ (ဥပမာ)ရေတစ်ပိုင်းစိုနှင့် အလုပ်လုပ်ရသူများ၊
ခေါင်းအထက်မှ ပန်ကာလေ၊ လေအေးပေးစက်ဖြင့် အထိုင်များ
နှစ်ကြာအလုပ်လုပ်သူများ၊ လမ်းလျှောက်နည်းပြီးဝ၍ အကြောပိတ်သူများ၊
ဝမ်းချုပ်၍ အိမ်သာတတ်လျှင် ကြာကြာထိုင်သူများတွင် အကြောပြင်ပညာ သာမက
တွဲဖက်၍ ဆေးစည်းခြင်း၊ ကြပ်ထုပ်ထိုးခြင်း၊ စားဆေးပေးခြင်းများပါ ဆရာက
ပြုလုပ်ပေးရမည်။ အကြောပြင်ဆရာများသည် အကြောပြင်ရုံ သာမက
အကြောပိတ်ခြင်းကို ဆေးဖြင့်ပါ တွဲဖက်၍ ကုနိုင်သောပညာရှင်များ ဖြစ်ပါသည်။
သွေးတိုး၊ နှလုံး၊ ဆီးချိုရောဂါ ရှိသူများသည် တစ်နည်းမဟုတ် တစ်နည်း
လေဖြတ်နိုင်သောသူများဖြစ်သဖြင့် အကြောပြင်ဆရာနှင့် အကြောဖွင့်ခြင်းကို
ပြုလုပ်ပေးခြင်းဖြင့် ကြိုတင်ကာကွယ်ကြစေချင်ပါသည်။ လေဖြတ်ပြီးမှ
ကုသရလျှင် ရာနှုန်းပြည့်ပြန်ကောင်းရန် အလွန်အလားအလာ နည်းပါသည်။
ပြန်ကောင်းရန်လည်း အကြောပြင် တစ်လမှ ခြောက်လ တစ်နှစ် အချိန်ပေးကုသမှ
ပြန်ကောင်းနိုင်သဖြင့် မဖြစ်မီက ကြိုတင်သတိရှိခြင်းသာ

ဆေးပညာကို လေ့လာလိုက်စားနေသူအတွက်

ဆေးပညာကို လေ့လာလိုက်စားနေသူအတွက် အထူးကောင်းမွန်တဲ့ ဆိုက်ကလေးပါ။
ဆေးပညာနဲ့ပက်သက်တဲ့ ဆောင်းပါး၊ ဆေးဝါးဆိုင်ရာ စာအုပ်များအပြင်
ရောဂါဆိုင်ရာ စာအုပ်များ၊ ကုသနည်းများ၊ ဆေးဝါးများ ပညာပေးဆောင်းပါး
စသည့်တို့ကို ထည့်သွင်းဖော်ပြပေးထားပါတယ်။ ထိုအပြင် ၀က်ဆိုက်အား
အင်္ဂလိပ်ဘာသာ၊ စပိန်၊ ဂျာမနီ၊ ပေါ်တူဂီ စသည့် အခြားဘာသာ စကားများသို့
ပြောင်းလဲ အသုံးပြုနိုင်စေရန်လည်း ဆောင်ရွက်ပေးထားပါတယ်။ ၀က်ဆိုက်၏ Home
page တွင် ထိပ်တန်းရောက် စာအုပ် (၂၀)ကို PDF File အနေဖြင့်
ဖော်ပြထားပါတယ်။

လေဖြတ်မည့်ရှေ့ပြေးလက္ခဏာများ

   (၁)     ဦးခေါင်းနှောင်စေ့တွင် ခေါင်းကိုက်ခြင်း။
               (Sub Occipital Headache)
       (၂)     ခြေ၊ လက်တို့တွင် မကြာခဏကျဉ်ခြင်း။
               (Tingling Sensation of Limbs)
       (၃)     မျက်ခွံနှင့် မျက်နှာကြွက်သားတို့ ဆက်ခနဲ့လှုပ်ခြင်း။
               (Fluttering (tic) of eyelids and facial muscies)
       (၄)     မကြာခဏ ၀မ်းချုပ်ပြီး ဗိုက်တွင် လေပွနေခြင်း။
               (Occassional Constipation and Fluctuation)
       (၅)     ညအိမ်ချိန် ကျဉ်ထုံပြီး လန့်နိုးခြင်း။

လေဖြတ်မည့် ရှေးပြေးလက္ခဏာများနှင့် ကြိုတင်ကာကွယ်နည်း (၃)သွယ်

လေဖြတ်ခြင်း (Stroke) အနောက်တိုင်း ဆေးပညာအခေါ်အားဖြင့် (Paralysis) ခေါ်
ရောဂါသည် မြန်မာပြည်တွင်သာမက ကမ္ဘာနှင့်အ၀ှမ်းတွင် အဖြစ်အများဆုံးသော
ရောဂါတစ်မျိုးဖြစ်ပြီး ဖြစ်ပွားလျှင် ခန္ဓာကိုယ်တစ်ခြမ်းလုံး
မလှုပ်ရှားနိုင်တော့ဘဲ အချိုတွင် စကားမပြောနိုင်၊ အစာမမျိုနိုင်ခြင်းနှင့်
အသိဥာဏ်ချို့ယွင်းခြင်းအထိ ဖြစ်နိုင်သဖြင့် ဘ၀ဆုံးရသော
ရောဂါအမျိုးအစားဖြစ်သည်။
ထို့အပြင် လေဖြတ်ခံရပြီးလျှင်လည်း အကောင်းပကတိ ပြန်ဖြစ်သူနည်းပါးပြီး
အချိန်ကာလလည်း ကြာမြင့်စွာ

ဘီ ပိုးနိုင်တဲ့ ဆေး

ဘီ ပိုးနိုင်တဲ့ ဆေး


ဒီပုံမှာပါတဲ့ အရွက်ကတော့ ဗိန္ဒောဆေးအခေါ် “ဣဿရမူလီ” လို့ခေါ်တယ်။ဦးဟုတ်စိန်အဘိဓာန်မှာတော့
The Indian Brithwort (“Atistolochia indica)” သာမည ဣဿရီ တဲ့။ ရှမ်းဘာသာကတော့ ၀မ်လီနုတ်ယုံး
“(၀၊ခ်ေလီခေူဂ့်ယုင်း”) လို့ခေါ်ပြီး တရုတ်အခေါ်ကတော့ “ခုံ့ရှော့တန်း”လို့ခေါ်တယ်။

အပင်ကတော့ အစိမ်းရောင် နွယ်ပင်တစ်မျိုးပါ။ ခွာညို၊ ခွာဖြူပန်းလို အိမ်မှာ အလှစိုက်ထားလေ့ရှိတယ်။အပွင့်က

ဥဒေါင်းငှက်နဲ့ ဆင်တူပြီး အဖြူ။ အ၀ါ၊ အစိမ်း၊  ခရမ်းရောင် အနဲငယ်သမ်းနေတယ်။ အသီးကတော့ ကင်းမွန်သီးလို
ခပ်ဆင်ဆင်ဖြစ်ပြီး အရစ်(အရေးအကြောင်း)အမြောင့်ပါတယ်။ အရွက်ရဲ့ အရသာကတော့ နဲနဲဖန်သလိုလို၊ကွမ်းရွက်
ကဲ့သို့လဲ အနည်းငယ် ရှိန်းသလိုလိုဖြစ်ပြီး အရသာပေါ့တယ်။

Gymkhana


Gymkhana is a strange word. Whenever and wherever Yangonians hear this word they think of and about a maternity hospital. Foreigners are always hard put to understand how Myanmars, especially the residents of Yangon, came by with the idea. Gyamkhana is a maternity hospital? Impossible to imagine and improbable to perceive: so some people say. Only our people can give a strange twist to the meaning.