Monday, January 30, 2012
computer ကအထီးလား အမ လား
ကွန်ပျူတာဟာ အထီးလား? အမလား?
အမဖြစ်နိုင်တဲ့ အကြောင်းရင်း...
အတွင်းပိုင်း စိတ်သဘောထားကို နားလည်တဲ့လူ တစ်ယောက်မှ မရှိဘူး။ ဖန်တီးသူတွေ ကိုယ်တိုင်တောင် နားမလည်ဘူး။
လူတွေသဘော မပေါက်နိုင်တဲ့ ဘာသာစကားတွေ သုံးစွဲပြီး တခြားကွန်ပျူတာတွေနဲ့ ဆက်သွယ် တတ်လေ့ရှိတယ်
အစာအဟာရ မှန်ကန်စွာ စားသောက်နည်း
အစာအဟာရ မှန်ကန်စွာ စားသောက်နည်း
     ယခုအခါတွင် ကမ္ဘာအနှံ့ရှိ နိုင်ငံပေါင်းများစွာတွင် ကျန်းမာရေးအတွက် အထူးကောင်းမွန် သင့်တော်ပြီး အဟာရဓာတ် မျှတစွာ ပါဝင်အောင် စီမံပြုလုပ်ထားသည် ဆိုသည့် အသင့်သုံးစွဲ နိုင်သော အစားအစာထုတ်များ စည်သွပ်ဗူးများ၊ ဖျော်ရည်ပုလင်းများ အမျိုးစုံလင်စွာ ထုတ်လုပ် ရောင်းချလျက် ရှိပါသည်။ ထိုအစားအစာများသည် ကျွန်ုပ်တို့ နိုင်ငံသို့ ယခုအခါ  နည်းမျိုးစုံဖြင့် ၀င်ရောက်လာကာ ဈေးဆိုင်ကြီးများ၊ စတိုးဆိုင်ကြီးများ၌ ဈေးနှုန်းများ ကြီးမားလှသော်လည်း ရောင်းမလောက်အောင်ပင်
နေ့စဉ် ကွန်ပျူတာသုံးသူများ၏ မျက်စိကျန်းမာရေးအတွက်
နေ့စဉ် ကွန်ပျူတာသုံးသူများ၏ မျက်စိကျန်းမာရေးအတွက်
     ကွန်ပျူတာရှေ့မှာ တစ်နေ့တာရဲ့ အချိန်တွေ တော်တော်များများ ရှိနေတတ်တဲ့ သူတွေ အားလုံးအတွက် ကွန်ပျူတာ အသုံးပြုရင်း မျက်စိကို ထိန်းသိမ်း စောင့်ရှောက်နည်းတွေ ဖော်ပြ ပေးလိုက်ပါတယ်။ ကွန်ပျူတာရှေ့မှာ တစ်နေကုန်နီးပါးနေပြီး သတင်းတွေ ကြိုးစားပမ်းစား တင်ပေးတတ်တဲ့ mutdfan.com ရဲ့ အယ်ဒီတာချုပ် ကိုဇော်ဇော်နဲ့ mmDailyNews အယ်ဒီတာချုပ် မဥမ္မာတို့ ဇနီးမောင်နှံနဲ့ အက်ဒမင်များအားလုံး၊ ကွန်ပျူတာနဲ့ တစ်ချိန်လုံး နားပန်းလုံးနေတတ်တဲ့ အွန်လိုင်းပျော် စာဖတ်ပရိသတ်များ အားလုံးအတွက် ရည်ရွယ်ပါတယ်။ အာရုံငါးပါးထဲမှာ
အသည်းနှင့်တည့်အောင်နေပါ
အသည်းနှင့်တည့်အောင်နေပါ
     အသည်းဆိုတာ ခန္ဓာကိုယ်ရဲ့ ဓာတ်ခွဲခန်း (သို့) ဓာတုဗေဒ စက်ရုံကြီးဖြစ်ပါတယ်၊ ဇီဝယန္တာရားကြီး ပုံမှန်လည်ပတ်ဖို့အတွက် အစာအာဟာရကို ကုန်ကြမ်းပြုပြီး လိုအပ်တဲ့ ဇီဝပစ္စည်းတွေ ထုတ်လုပ်ပေးပါတယ်၊ ပြီးတော့ ခန္ဓာကိုယ်အတွင်းကို ရောက်လာသော အဆိပ်အတောက်တွေ (ဥပမာ-အရက်နှင့် ဓာတုပစ္စည်းတွေ) ကိုလည်း ချေဖျက်စွန့်ထုတ်ပေး နေပါတယ်။
    ဒီတာဝန်ကို အသည်းဟာ အခြားအင်္ဂါတွေနဲ့ ပူးပေါင်းပြီး (၂၄)နာရီ ထမ်းဆောင်ရာမှာ ဇီဝနာရီရဲ့ အချိန်ဇယားအတိုင်း ဆောင်ရွက်နေတယ်လို့ သိရပါတယ်၊
နားနှင့် ပတ်သက်ပြီး ရှောင်ကျဉ်သင့်သော အချက်များ
နားနှင့် ပတ်သက်ပြီး ရှောင်ကျဉ်သင့်သော အချက်များ
     ကျနော် အပါအ၀င် လူ 90% လောက်က နားနဲ့ပတ်သက်ပြီး ဗဟုသုတ နဲကြပါတယ်လေ ...။
     နားတွေမှာ သူဘာသာသန့်စင်စေခြင်းနဲ့ သူဘာသာ ကာကွယ်နိုင်ခြင်းဆိုတဲ့ သဘာဝသတ္တိရှိပြီးသားပါ။ ဒါ့ကြောင့် နားတွေကို မမှန်ကန်တဲ့နည်းတွေနဲ့ သန့်စင်ဆေးကြောမှု ပြုလုပ်တဲ့အခါ နားမှာ ထိခိုက်ဒဏ်ရာရခြင်းနဲ့ နားတွင်း ကူးစက်ပိုးဝင်ခြင်းဆိုတဲ့ ပြဿနာတွေ ဖြစ်စေနိုင်ပါတယ်။
(၁) နားဖာချေးကို မကလော်ပါနဲ့
အိပ်မပျော်သည့်ဝေဒနာ (ဒေါက်တာအောင်မော်)
အိပ်မပျော်သည့်ဝေဒနာ (ဒေါက်တာအောင်မော်)
အိပ်ခြင်းသည် လူတိုင်း အသက်ရှင်ရပ်တည်နေနိုင်ရန် အတွက် မရှိမဖြစ်လိုအပ်သော အနားယူမှု၊အားမွေးမှု တစ်ခုဖြစ်သော်လည်း လူတစ်ယောက် ကျန်းမာစွာ နေနိုင်ရန် လိုအပ်သည့် အိပ်ပျော်မှု အချိန်ပမာဏသည် တစ်ယောက်နှင့်တစ်ယောက် လုံးဝမတူုနိုင်သည့် ကိစ္စတစ်ခုပင် ဖြစ်သည်။ အိပ်ပျော်ခြင်းနှင့် ပတ်သက်၍ တစ်နေ့လျှင် မည်မျှအိပ်သင့်သည်၊ မည်သို့မည်ပုံ  အိပ်သင့် သည် တို့ကို အကြမ်းအားဖြင့်သာ ပြောဆိုနိုင်ပြီး ပုံသေသတ်မှတ် ပြောဆို၍ မရနိုင်ပေ။ လူတစ်ဦးသည် တစ်နေ့လျှင်(၈)နာရီမှ (၉)နာရီ အထါ အိပ်ပျော်မှ အိပ်ရေးဝပြီး ကိုယ်စိတ်နှစ်ပါး ကြည်လင်လန်းဆန်း ကျန်းမာကာ အလုပ်ကို အားအင်အပြည့်ဖြင့် လုပ်ကိုင်နိုင်မည် ဖြစ်သော်လည်း နောက်တစ်ဦးအဖို့
ဆီးနှင့်ကျောက်ကပ်ရောဂါကင်းဝေးလိုလျှင်
ဆီးနှင့်ကျောက်ကပ်ရောဂါကင်းဝေးလိုလျှင်
(ဒေါက်တာအောင်မော်)
         ကျွန်ုပ်တို့ ခန္ဓာကိုယ်အတွင်း ခါးကျောရိုး၏ တစ်ဘက်တစ်ချက်တွင် ရှိသော ကျောက်ကပါတစ်စုံသည် သွေးထဲရှိ ဓာတ်ပစ္စည်းများစွာအနက် လိုအပ်သည်များကို စစ်ယူ သိမ်းဆည်းခြင်းနှင့် မလိုအပ်သည်များကို ဆီးနှင့်အတူ ဖယ်ထုတ်ပစ်ခြင်းတို့ကို တိတ်ဆိတ်စွာ ပြုလုပ်ပေးနေသည့် အင်္ဂါတစ်စုံ ဖြစ်ပါသည်၊ ကျောက်ကပ်တစ်ခုသည် ၅အောင်စခန့်သာ လေးသော်လည်း  ၎င်းအတွင်း၌ သွေးများကို သန့်စင်
သွားများကောင်းမွန်နေစေလိုသော် (ဒေါက်တာ အောင်မော်)
သွားများကောင်းမွန်နေစေလိုသော်
(ဒေါက်တာ အောင်မော်)
        သွားပိုးစားခြင်း ဖြစ်ပေါ်ရသည့် အဓိက အကြောင်းရင်းမှာ သကြားနှင့် သကြားပါသော အစားအစာများကြောင့် ဖြစ်သည်။ သကြားဓါတ်သည် အချိန် အနည်းငယ် အတွင်း၌ပင် ပါးစပ်အတွင်း၌ အက်ဆစ်ဓါတ် အဖြစ်သို့ ပြောင်းလဲသွားပြီး သွားများကို ဒုက္ခပေး နိုင်ပါသည်။ သကြားပါသော အစားအစာများ စားသောက်ပြီး နာရီ အနည်းငယ် အတွင်းမှာပင် သကြားဓါတ်မှ အက်ဆစ်ဓါတ်များသို့ ပြောင်းလဲဖြစ်ပေါ်နိုင်ပြီး သွားပိုးစားစေနိုင်ပါသည်။
အနာအမျိုး-၉၆-ပါး (၉၈-ပါး)
အနာအမျိုး-၉၆-ပါး (၉၈-ပါး)
ဗုဒ္ဓဘာသာဝင်တို့ သြကာသကန်တော့ရိုးဖြင့် ကန်တော့ပြီးသောအခါ ဆုကောင်းများကို တောင်းတတတ်ကြလေသည်။ တောင်းတသောဆုမွန်ကောင်းများထဲတွင် အနာအမျိုး-၉၆-ပါးတို့မှ အခါခပ်သိမ်း ကင်းလွတ်ငြိမ်းသည်ဖြစ်၍ ဟု ပါရှိတတ်ကြလေသည်။ ထိုအနာအမျိုး-၉၆-ပါး သို့ ၉၈-ပါးတို့ကို သင်သိချင်ကောင်းသိချင်ပေလိမ့်မည်။ ထို့ကြောင့် အင်္ဂုတ်္တိုရ်(ဒသက)အဋ္ဌကထာနှင့် မဟာနိဒ္ဒေသအဋ္ဌကထာတို့မှ ထုတ်နှုတ်၍ သင်သိချင်နေသောအချက်ကို ဖြည့်စွက်ပေးလိုက်ပါသည်။
ခါးနာခြင်းနှင့်ခါးဆစ်လွဲခြင်းတို့မဖြစ်အောင်ကာကွယ်နည်းများ
ခါးနာခြင်းနှင့်ခါးဆစ်လွဲခြင်းတို့မဖြစ်အောင်ကာကွယ်နည်းများ
ယခုအခါတွင် ခါးနာခြင်းနှင့် ခါးဆစ်လွဲခြင်းတို့ ဖြစ်ပွားမှုမှာ ယခင်ကထက် ပိုမို များပြားလာကြောင်း တွေ့ရှိရပါသည်။
ထို့ကြောင့် ရှေးဦးစွာ ခါးနာခြင်း၊ ခါးဆစ်လွဲခြင်းတို့ မည်သို့ ဖြစ်ပွားလာရကြောင်း သိရှိရန် လိုပေသည်၊
ကျွန်ုပ်တို့ ကျောရိုးတစ်လျှောက်၌ရှိသော ကျောဆစ်ရိုးများ(vertebrae) တစ်ခုနှင့် တစ်ခုကြားတွင် အရိုးများ ထိခိုက်မှုမရှိစေရန် Intervertbral
စားသောက်ရန်အတွက်လိုအပ်သောအရောင်(၅)မျိုး
စားသောက်ရန်အတွက်လိုအပ်သောအရောင်(၅)မျိုး
ခန္ဓာကိုယ်မှာရှိတဲ့ ဆဲလ်တွေ ယိုယွင်းပျက်စီးမှုကို ကာကွယ်ပေးတဲ့ ဖီတိုနျူးထရီးရန့် (Phytonutrients) (သို့) အန်တီအောက်ဆီဒင့်ထ်စ် (Antioxidants) တွေဟာ အရောင် အသွေးစုံလင်တဲ့ သီးနှံတွေနဲ့ အစားအသောက်တွေမှာ ပါဝင်ပါတယ်။ Amy Hendel ဆိုတဲ့ ကျန်းမာရေး အကြံပေးကတော့ … “တကယ်လို့ ချက်ပြုတ်ဖို့ ဈေးဝယ်ထွက်မယ်ဆိုရင် ချက်ပြုတ်မယ့်စာရင်းထဲမှာ အရောင်သုံးရောင် ၀ယ်ဖို့ကြိုးစားပါ။” လို့ တိုက်တွန်းပါတယ်။
အစိမ်းရောင်လွှမ်းသော အစားအစာများ (Shades of Green)
ကျန်းမာရေးအတွက် အထောက်အကူပြုမှုများ
ကျန်းမာသန်စွမ်းတဲ့ ဆဲလ်တွေကို ထိန်းသိမ်းပေးနိုင်ပါတယ်။ သွေးကြောတွေ၊ နှလုံးနဲ့ အသည်းကို အထောက်အကူပြုပါတယ်။
ဘာတွေစားရမလဲ
ကိုက်လန်၊ ဟင်းနုနွယ်၊ ငြုတ်ကောင်းအစိမ်း၊ ဆလတ်ရွက်၊ ပန်းဂေါ်ဖီအစိမ်း၊ ပဲစိမ်း၊ ပဲပိစပ်၊ လက်ဘက်စိမ်း။
အပြာရောင်နှင့် မဲနယ်ရောင် အစားအစာများ
ကျန်းမာရေးအတွက် အထောက်အကူပြုမှုများ
ဦးနှောက်နဲ့ နှလုံးကျန်းမာရေးကို မြှင့်တင်ပေးပါတယ်။ သွေးကြောတွေကို ထောက်ပံ့ပေးပါတယ်။
ဘာတွေစားရမလဲ
စပျစ်သီး၊ ဘလူးဘယ်ရီ၊ဘွိုင်ဆန် ဘယ်ရီ(boysenberries)၊ ခရမ်းရောင် ဂေါဖီထုပ်၊ black currants၊ ခရမ်းသီး၊ ကန်စွန်းဥနီ၊ ပဲနက်၊ ဆီးသီး၊ ဘလက်ဘယ်ရီ။
အနီရောင်နဲ့ပန်းရောင်
ကျန်းမာရေးအတွက် အထောက်အကူပြုမှုများ
အမျိုးသားများအတွက် ပရောစတိတ် ဂလင်းကို အထောက်အကူပြုသလို၊ DNA မော်လီကျူးတွေကို ပံ့ပိုးပေးပါတယ်။
ဘာတွေစားရမလဲ
ဆော့စ်လုပ်တဲ့ အနီရောင် ဘယ်ရီသီးအချဉ်(Cranberries)၊ ဖရဲသီး ၊ ဂရိတ်ဖရု၊ မာလကာသီးအနီ၊ မုန်လာဥနီ၊ စတော်ဘယ်ရီ၊ ချယ်ရီသီး၊ ခရမ်းချဉ်သီး၊ ပန်းသီး အနီ။
အ၀ါရောင်နှင့် လိမ္မော်ရောင်
ကျန်းမာရေးအတွက် အထောက်အကူပြုမှုများ
မျက်လုံးကျန်းမာရေးအတွက် အထောက်အကူပြုပါတယ်။
ကိုယ်ခန္ဓာရဲ့ ခုခံအားစနစ်ကို ပံ့ပိုးပေးပါတယ်။ အရေပြားတွေမှာ ရေဓာတ်ထိန်းသိမ်းမှုကို အားပေးပါတယ်။ ခန္ဓာကြီးထွားမှုကို မြှင့်တင်ပေးပါတယ်။
ဘာတွေစားရမလဲ
နာနတ်သီး၊ ရှောက်သီး၊ လိမ္မော်သီး၊ မုန်လာဥ၀ါ၊ ကန်စွန်းဥ၊ သင်္ဘောသီး၊ ပြောင်းဖူး၊ တရုတ်ဆီးသီး၊ ပျားလိမ္မော်၊သခွားမွှေး။
အဖြူရောင်နှင့် ၀ါညိုနုရောင်
ကျန်းမာရေးအတွက် အထောက်အကူပြုမှုများ
အရိုးကျန်းမာရေးအတွက် အထောက်အကူ ပြုပါတယ်။ သွေးသွားသွေးလာ မှန်ကန်စေပြီး၊ သွေးကြောတွေကို ထောက်ပံ့ပေးပါတယ်။
ဘာတွေစားရမလဲ
ကြက်သွန်ဥနီ၊ မှို၊ ပဲကြီး၊ ကြက်သွန်ဖြူ၊ ပန်းဂေါ်ဖီ၊ သစ်တော်သီး၊ သင်္ဘောဒန့်သလွန်(horseradish)။
ကျန်းမာရေးကို အထောက်အကူပြုတဲ့ အရောင်(၅) ရောင်ကို ပုံမှန်စားသုံးပြီး ကိုယ်ရော စိတ်ပါ ကျန်းမာနိုင်ကြပါစေလို့ ဆန္ဒပြုပါတယ်။
ထမင်းစားပြီးရှောင်ကြဉ်သင့်သောအချက်(၇)ချက်
ထမင်းစားပြီးရှောင်ကြဉ်သင့်သောအချက်(၇)ချက်
မြန်မာလူမျိုးတို့၏ အဓိကအစားအစာမှာ ထမင်းဖြစ်ပြီး နေ့စဉ်ထမင်းစားနေကြသည်ဖြစ်ရာ ထမင်းစားပြီး ရှောင်ကြဉ်သင့်သော အချက်(၇)ချက်ကို ကျန်းမာရေးအသိရှိစေရန် ဖော်ပြလိုက်ရပါသည်။
(၁) ဆေးလိပ်မသောက်ပါနှင့်။ ကျွမ်းကျင်သူများ၏ လေ့လာသုတေသနပြုချက်များအရ ထမင်းစားပြီးစီးကရက်တစ်လိပ်သောက်ခြင်းသည် စီးကရက်ဆယ်လိပ်သောက်ခြင်းနဲ့ညီမျှပြီး ကင်ဆာရောဂါဖြစ်ပွားရန် အခွင့်လမ်းအများဆုံးဖြစ်ကြောင်း သိရှိရသည်။
မျက်စိရေတိမ် ရောဂါ (Glaucoma)
မျက်စိရေတိမ် ရောဂါ (Glaucoma)
မျက်စိ ရေတိမ် ရောဂါ ဟာ အမြင် အာရုံ ကြော (Optic Nerve) ကို ထိခိုက် စေတဲ့ရောဂါ တစ်မျိုး ဖြစ်ပြီး ပြန်လည် ကုသ မရနိုင် တော့တဲ့ မျက်စိ ကွယ်ခြင်း (Irreversible Blindness) ရဲ့ အကြောင်း တစ်ရပ် လည်း ဖြစ်ပါတယ်... ကမ္ဘာ တစ်ဝှမ်းမှာ ရေတိမ် ရောဂါ ကြောင့် မျက်စိ နှစ်ဖက် လုံး ကွယ်သူ ပေါင်း ၆သန်း ခန့် ရှိနေပါတယ်... အမေရိက ရဲ့ စစ်တမ်း တစ်ရပ် မှာတော့ အမေရိက မှာ လူဦးရေ ၃သန်း ခန့်ရေတိမ် ရောဂါ ခံစား နေရပြီး အဲဒီ ထဲက တစ်ဝက် လောက်ဟာ မိမိမှာ ရေတိမ် ရောဂါရှိမှန်း မသိသူ များ ဖြစ်ကြ ပါတယ်...
Friday, January 20, 2012
လူ့တိုင်းအတွက် နေ့စဉ်စိတ်ကြည်လင်စေရန်
လူ့တိုင်းအတွက် နေ့စဉ်စိတ်ကြည်လင်စေရန်
1   နေ့စဉ်10မိနစ်မှ မိနစ်30အထိ လမ်းလျှောက်ပါ လမ်းလျှောက်နေစဉ်အတွင်း သင့်မျက်နှာကို အတတ်နိုင်ဆုံးပြုံးထားပါ။
2   နေ့စဉ်အနည်းဆုံး10မိနစ်ခန့် ဘာကိုမှမတွေးပဲ ငြိမ်သက်စွာနေပါ။ မနက်အိပ်ယာထပြီဆိုတာနဲ့ ပုံမှန်လုပ်နိုင်ပါတယ်။
3   ဘယ်လောက်ပင်ပန်းအလုပ်ရှုပ်နေပါစေ ရရင်ရသလိုနေ့စဉ်7နာရီပြည့်အောင်အိပ်ပါ။
4   Eသုံးလုံးနဲ့အညီနေပါ။ 1Energy 2Enthusiasm 3Empathy
5   Gameတွေ ကစားပေးပါ။
မျက်စိရေတိမ် ရောဂါ (Glaucoma)
မျက်စိရေတိမ် ရောဂါ (Glaucoma)
မျက်စိ ရေတိမ် ရောဂါ ဟာ အမြင် အာရုံ ကြော (Optic Nerve) ကို ထိခိုက် စေတဲ့ရောဂါ တစ်မျိုး ဖြစ်ပြီး ပြန်လည် ကုသ မရနိုင် တော့တဲ့ မျက်စိ ကွယ်ခြင်း (Irreversible Blindness) ရဲ့ အကြောင်း တစ်ရပ် လည်း ဖြစ်ပါတယ်... ကမ္ဘာ တစ်ဝှမ်းမှာ ရေတိမ် ရောဂါ ကြောင့် မျက်စိ နှစ်ဖက် လုံး ကွယ်သူ ပေါင်း ၆သန်း ခန့် ရှိနေပါတယ်... အမေရိက ရဲ့ စစ်တမ်း တစ်ရပ် မှာတော့ အမေရိက မှာ လူဦးရေ ၃သန်း ခန့်ရေတိမ် ရောဂါ ခံစား နေရပြီး အဲဒီ ထဲက တစ်ဝက် လောက်ဟာ မိမိမှာ ရေတိမ် ရောဂါရှိမှန်း မသိသူ များ ဖြစ်ကြ ပါတယ်... အကြောင်းမှာ ဖြစ်စ တွင် ရောဂါ လက္ခဏာ မသိသာခြင်း၊ မျက်စိ မှုန်ဝါး လာတာ ကို ရေတိမ် ရောဂါ ကြောင့် ဟု မသိ ခြင်း တို့ကြောင့်ဖြစ်ပါတယ်...
ဝမ်းမှန်စေလိုလျှင်
ဝမ်းမှန်စေလိုလျှင်
Mostly used medicines အသုံးများ ဆေးဝါးများ
1. Acebutolol = (ဘီတာ-ဘလော့ကား) အုပ်စုဝင်ဆေး၊ သွေးတိုး၊ နှလုံးသွေးကြောကျဉ်းရောဂါ၊ 200-1,200 mg OD/BD; Children = 20 mg BD/TDS
2. Acetylsalicylic acid, Aspirin, Barbiturate, Buspro, Sodium Salicylate, NSAID (စတီရွိုက်) မပါသည့် အနာ-အကိုက်-အဖျား-အရောင် ကျဆေးအုပ်စု၊ (ရူမက်တစ်)ခေါ် လေးဘက်နာရောဂါ၊ သွေးခဲပြီး သွေးကြော ပိတ်ခြင်း၊ Adults 325-500-650-1000 mg TDS/QID, Children 160-240-320-325-480 mg QID
ရေသောက်ခြင်း၏ အကျိုးများ
ရေသောက်ခြင်း၏ အကျိုးများ
ရေသည် လူတို့၏ အသက်ရှင် ရပ်တည်ရေးအတွက် မရှိမဖြစ် လိုအပ်လှပါသည်။ ထို့ကြောင့်လည်း ရေအသက် တစ်မနက်လို့ ပြောကြတယ်ထင်ပါတယ်။ သို့ပေမယ့် ကျန်းမာရေးနဲ့ ညီညွတ်ဖို့ ဆိုရင်တော့ ရေကို စနစ်တကျ သောက်တတ်ဖို့လိုပါတယ်။ သောက်သင့်သည့် အချိန်တွင် သောက်သင့်သည့် ပမာဏကို သောက်သုံးပါက ခန္ဓာကိုယ်ကို အထိရောက်ဆုံး အကျိုးပြုနိုင်မှာ ဖြစ်ပါတယ်။
ရေသောက်သုံးသင့်သော အချိန်များ
ကျန်းမာရေး သော့ချက်များ
ကျန်းမာရေး သော့ချက်များ
(အင်တာနက်)
သော့(၁) WATER
မနက်ရေတစ်ခွက်သောက်ခြင်းသည် ခန္ဓာကိုယ်နှင့်ရေ ညီမျှစေ၏။
သော့(၃) APPETITE
အစာကို ၇ပုံမျှသာအဝစားခြင်းသည် ခန္ဓာကိုယ်အား ကျန်းမာစေ၏။
သော့(၅) MUSIC/LITERATURE
ဂီတသည် နှလုံးကိုရွှင်စေ၏။ စာဖတ်ခြင်းသည် အသိဥာဏ်ကို တိုးစေ၏။
သော့(၇) VICES
ဆေးလိပ်၊ အရက်ကို လက်ပြနှုတ်ဆက်ပါ။
သော့(၉) LONELINESS
အထီးကျန်ခြင်းက ရုန်းထွက်နိုင်လျှင် သင်ကျန်းမာပြီ။
သော့(၁၁) TEA
Wednesday, January 4, 2012
အချစ်ပုစဉ်းလေးရဲ့ ဒဏ္ဍာရီ
အေးချမ်းတဲ့ မြို့ လေးတစ်မြို့ မှာတစ်ဦးကိုတစ်ဦး အရမ်းချစ်ကြတဲ့ချစ်သူနှစ်ဦးရှိတယ်။ သူတို့ဟာ အမြဲမခွါ တစ်တွဲတွဲပဲ နေ့တိုင်း
ပင်လယ်ဘေးကို သွားပြီး နေထွက်၊ နေ၀င်ချိန်ကို သွားကြည့်ကြတယ်။ သူတို့ကမြင်သူတကာ အားကျတဲ့ စုံတွဲလေးပါ။