Monday, January 30, 2012

အိပ်မပျော်သည့်ဝေဒနာ (ဒေါက်တာအောင်မော်)

အိပ်မပျော်သည့်ဝေဒနာ (ဒေါက်တာအောင်မော်)
အိပ်ခြင်းသည် လူတိုင်း အသက်ရှင်ရပ်တည်နေနိုင်ရန် အတွက် မရှိမဖြစ်လိုအပ်သော အနားယူမှု၊အားမွေးမှု တစ်ခုဖြစ်သော်လည်း လူတစ်ယောက် ကျန်းမာစွာ နေနိုင်ရန် လိုအပ်သည့် အိပ်ပျော်မှု အချိန်ပမာဏသည် တစ်ယောက်နှင့်တစ်ယောက် လုံးဝမတူုနိုင်သည့် ကိစ္စတစ်ခုပင် ဖြစ်သည်။ အိပ်ပျော်ခြင်းနှင့် ပတ်သက်၍ တစ်နေ့လျှင် မည်မျှအိပ်သင့်သည်၊ မည်သို့မည်ပုံ  အိပ်သင့် သည် တို့ကို အကြမ်းအားဖြင့်သာ ပြောဆိုနိုင်ပြီး ပုံသေသတ်မှတ် ပြောဆို၍ မရနိုင်ပေ။ လူတစ်ဦးသည် တစ်နေ့လျှင်(၈)နာရီမှ (၉)နာရီ အထါ အိပ်ပျော်မှ အိပ်ရေးဝပြီး ကိုယ်စိတ်နှစ်ပါး ကြည်လင်လန်းဆန်း ကျန်းမာကာ အလုပ်ကို အားအင်အပြည့်ဖြင့် လုပ်ကိုင်နိုင်မည် ဖြစ်သော်လည်း နောက်တစ်ဦးအဖို့
တစ်နေ့လျှင် (၅)နာရီမျှလောက် ပြည့်ပြည့်၀၀ အိပ်ပျော်ရုံဖြင့် သူ့အတွက် ကျန်းမာရေးနှင့် ပြည့်စုံလုံလောက် နိုင်ပေသည်။

ဥပမာအားဖြင့် နပိုလီယန်သည် တစ်နေ့လျှင် (၄)နာရီသာ အိပ်လေ့ရှိပြီး စီစဉ်ညွှန်ကြား စရာများ၊ အလုပ်များကို ကောင်းမွန်စွာ လုပ်ကိုင်နိုင်ကာ ဥရောပ တစ်တိုက်လုံး နီးပါးကို   အောင်မြင်စွာ တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့သူ တစ်ဦးဖြစ်သည်။သူသည် စစ်မြေပြင်၌ စစ်ပွဲများ တိုက်ခိုက်ဖြစ်ပွားနေသည့် ကြား၌ပင် မိမိ၏ယာယီတဲ ကလေးအတွင်း၌ မိမိ အိပ်ချင်သည့် အချိန်တွင် နှစ်ခြိုက်စွား အိပ်ပျော်နိုင်သူ တစ်ဦးဖြစ်သည်။

တစ်ဖန်  Laord Nuffield   ပုဂ္ဂျိလ်သည် တစ်သက်လုံး တစ်ရေးမှ မအိပ်ဘဲနေခဲ့ပြီး သူ့ဘ၀တစ်လျှာက်လုံး၌လည်း ကျန်းမာရေးနှင့် ပြည့်စုံ ကာ ဥာဏ် အလွန်ထက်သူ တစ်ဦးဖြစ်ကြောင်း မှတ်တမ်းတင်ထားခဲ့ရသည်။ ၀န်ကြီးချုပ် တစ်ဦး ၀င်စတန်ချာချီ သည် နေ့စဉ် မွန်းလွဲပိုင်း၌ (၃)နာရီသာ အိပ်လေ့ရှိပြီး တစ်ညလုံး နံနက်မိုးလင်းသည် အထိ အလုပ်ကို မှန်မှန် လုပ်ခဲ့သူတစ်ဦး ဖြစ်လေသည်။

အိပ်မပျော်စေသည့် အကြောင်းရင်းများ
အိပ်မပျော်စေသည့် အကြောင်းရင်းများ၌ စိုးရိမ်ပူပန်  သောကရောက်မှုသည် အဓိကအကြောင်းရင်းတစ်ခု ဖြစ်ကြောင်း တွေ့ရှိရပါသည်၊ လူတစ်ယောက်သည် စိုးရိမ်ပူပန်သောက ရောက်နေပါက ကောင်းစွာ အိပ်ပျော်နိုင်မည် မဟုတ်ချေ၊ ဥပမာ အားဖြင့် မိမိ၏ စီးပွားရေး အဆင်မပြေဖြစ်ခြင်း၊စိုးရိမ်စရာ ရောဂါတစ်ခုခု ခံစားနေရခြင်း၊ အိမ်ထောင်ရေး အဆင်မပြေမှု ဖြစ်ပေါ်နေခြင်း၊ သား သမီးများနှင့် ပတ်သက်၍ စိတ်ပူပန်စရာများရှိနေခြင်း စသည့် စိုးရိမ်ပူပန်စရာ သောကရောက်စရာ အခြေအနေများ အကြောင်းအရာများ ရှိနေပါက ထိုအချက်များသည် မိမိ၏ မသိစိတ်(subconscious  mind)  ထဲသို့ တဖြည်းဖြည်း ၀င်ရောက်သွားကာ အိပ်မပျော်စေနိုင်မှုကို အနှောင့် အယှက် ပေးလေတော့သည်၊ ထိုအခါ အိပ်မပျော်သည့် ဝေဒနာကို ခံစားလာရပေတော့သည်။

တစ်ဖန် ကောင်းစွာ အိပ်မပျော်စေသည့် အကြောင်းရင်းများ များစွာရှိရာ အထက်တွင် ဖေါ်ပြထားသကဲ့သို့ လူတစ်ဦးနှင့် တစ်ဦး မတူညီကြပေ၊ အချို့မှယာ ရာသီဥတု ပူလွန်းအေးလွန်းခြင်းကြောင့်၎င်း၊ မိမိအိပ်ရသည့်နေရာ အခင်းစသည်တို့သည် မိမိအိပ်နေကြ အိပ်ယာမျိုး အခြေအနေမျိုး မဟုတ်ဘဲ ရှိနေခြင်းကြောင့်၎င်း၊ကောင်းစွာ အိပ်မပျော်နိုင်ခြင်းမျိုး လည်းရှိတတ်ပါသည်။အချို့မှာ တစ္ဆေ ၊သရဲ  စသည်တို့ကို ညဘက်တွင် တွေးတော ကြောက်ရွံ့တတ်ခြင်းကြောင့်၎င်း၊ အိပ်မပျော်သည့် ရောဂါကို ခံစားရလေ့ရှိပါသည်။ အားလုံးသော အကြောင်းရင်းများကို ခြုံ၍ သုံးသပ်ကြည့်ပါက အများစုမှာ စိတ်ပေါ်တွင် အခြေခံကြောင်း တွေ့ရှိရပါသည်။

အိပ်ဆေးများ
အကယ်၍ မိမိ၌ အလွန်စိတ်ညစ်စရာ၊ ပူဆွေးကြေကွဲဖွယ်ရာ ပူပင်သောကများ ဖြစ်ပေါ်ခံစားနေရပါက အိပ်ဆေးတစ်မျိုးမျိုး၏ အကူအညီဖြင့် ကောင်းစွာအိပ်ပျော်မှု ရရှိရန် ပြုလုပ်သင့်သည်၊ဥပမာအားဖြင့် မိမိ၏ မိသားစုအတွင်းမှ တစ်ဦး တစ်ယောက် ကွယ်လွန်သွားသည့် အခါမျိုး၌ တစ်ပတ် နှစ်ပတ် ခန့်အထိ ကောင်းစွာ အိပ်ပျော်နိုင်လိမ့်မည် မဟုတ်ပေ။ ထိုသို့ ဆက်တိုက် တစ်ပတ် နှစ်ပတ်ခန့် အိပ်မပျော်နိုင်သည့် အခြေအနေမျိုးသည် မိမိ၏  ကျန်းမာရေးကို ထိခိုက်စေနိုင်ပါသည်။ထို့ကြောင့် ထိုအခြေအနေမျိုးတွင် အိပ်ဆေးသောက်၍ အိပ်သင့်ပါသည်။

အိပ်ဆေး စိတ်ငြိမ်ဆေးတို့ကို ဆရာဝန် ညွှန်ကြားချက်များ ဖြင့်သာသောက် သင့်ပါသည်။ ဆေးများကို စိုးရိမ်ပူပန်မှုများ လျော့နည်းလာပြီး ပုံမှန် အိပ်ပျော်နိုင်မည့် အခြေအနေမျိုး ရောက်သည်နှင့် အိပ်ဆေးလုံးဝ မသုံးတော့ဘဲ အိပ်ပျော်အောင် ကြိုးစား အိပ်ကြည့်ရပါမည်၊အဘယ်ကြောင့်ဆိုသော် အိပ်ဆေးများကို နေ့စဉ်သုံးစွဲနေခြင်းဖြင့် အချိန်ကြာ လာသည်နှင့်အမျှ ဆေးပမာဏကို ပိုမိုသောက်သုံးရန် လိုအပ်လာတတ်ပြီး ဆေးမသောက်ဘဲနေပါက အိပ်မပျော်နိုင်သော အခြေအနေသို့ေ၇ာက်ရှိလာတတ်ပါသည်။ ဤသို့ဖြင့် အိပ်ဆေးစွဲသော အခြေအနေသို့ ရောက်ရှိသွားတော့သည်။ ထိုသို့သော အခြေအနေမျိုးေ၇ာက်ရှိသွားပါက ကျန်းမာရေးကိုလဲ ထိခိုက်နိုင်ပြီး အိပ်ဆေးစွဲနေခြင်းကို ဖြတ်ရန်အတွက် ဆရာဝန်၏ ကုသမှုကို ခံယူရန် မဖြစ်မနေ လိုအပ်လာတတ်ပါသည်။

အိပ်ပျော်သွားသော်လည်း  ပြည့်ဝစွာ အိပ်ချိန် မရသဖြင့် နေမကောင်း အားမရှိဟု ထင်နေကြသူများ
အိပ်မပျော်နိုင်ခြင်းနှင့် ပတ်သက်၍ အတွေ့များရသော ပြသနာ တစ်ခုမှာ လူတချို့သည် အိပ်ပျော်သော်လည်း မိမိအဖို့ တစ်ညလျှင် အိပ်ပျော်သင့်သည်ဟု ယူဆထားသော အချိန်ကို အဗညပည့အ၀ မအိပ်ရပါက အိပ်ရေးမ၀ဖြစ်ကာ နေမကောင်း အားမရှိဘူး  လန်းလန်း ဆန်းဆန်း မရှိဘူးဟု ထင်နေကြခြင်း ဖြစ်သည်။သူတို့သည် မိမိကိုယ် မိမိ တစ်ညလျှင် ဥပမာအားဖြင့် (၈)နာရီ အိပ်သင့်သည်ဟု သတ်မှတ်ယူဆထားလေ့ ရှိပြီး  ထိုသတ်မှတ်ထားသော အိပ်ချိန် ၈ နာရီခန့် စုစုပေါင်း အပြည့်အ၀ အိပ်ပျော်မှသာ အိပ်ရေးဝပြီး နေကောင်း လန်းဆန်း အားရှိသည်ဟု လက်ခံယူဆ ထားတတ်ကြသည်။ အကယ်၍  ညတစ်ည၌ ဥပမာ အားဖြင့် ၆ နာရီ ခန့်သာ အိပ်ချိန် ရလိုက်ပါက  သူတို့သည် မိမိကိုယ်မိမိ ညက အိပ်ရေး ၀အောင် ကောင်းကောင်း မအိပ်ရဘူး၊ ၆ နာရီထဲဘဲ အိပ်လိုက်ရတယ်၊ါးကြောင့် တကိုယ်လုံး နုံးနေပြီး အားမရှိဘူး ခေါင်းမကြည်ဘူး   စသည်ဖြင့် ပြောဆိုတတ်ကြသည်။

မိမိက မည်မျှအိပ်သင့်သည်ဟု ယူဆထားသည့် အိပ်ချိန်ကို အပြည့်အ၀ မအိပ်ခဲ့ရခြင်းအား စိတ်အနှောက်အယှက် ဖြစ်နေတတ်ကြသည်။ မိမိ၏ ကျန်းမာရေးကို ထိခိုက်နိုင်သည်၊ နေမကောင်းဖြစ်နိုင်သည်ဟု အစိုးရိမ်လွန်နေတတ်ကြသည်။ ဖြစ်နိုင်ပါက နေ့လည်ဘက်တွင် အိပ်ချိန်ပြည့်အောင် တစ်နာရီ ၊နှစ်နာရီလောက် ထပ်ဖြည့်အိပ်ချင်ကြသည်။ အိပ်လည်း အိပ်လေ့ရှိကြ၏။

အမှန်မှာ လူတစ်ယောက်သည် အိပ်ပျော်နေစဉ် ပတ်ဝန်းကျင်မှ ပြင်းထန်သော အနှောက်အယှက်များ မရှိပါက ပုံမှန်အားဖြင့် နိုးလာသောအချိန်  သည် ထိုသူအဖို့ အိပ်ရေးဝပြီး အိပ်စက်အနားယူချိန် လုံလောက်ပြီဟု ဦးနှောက်အတွင်းရှိ မသိစိတ်က ယူဆ သတ်မှတ် လိုက်သောအချိန် ပင် ဖြစ်သည်။ထို့ကြောင့် ကျန်းမာရေးကို ထိခိုက်ခြင်း၊ နေမကောင်းဖြစ်ခြင်း၊ အားမရှိခြင်းတို့ကိုလည်း  လုံးဝဖြစ်ပေါ် စေမည်မဟုတ်။ ဦးနှောက်သည်လည်း ကြည်လင် လန်းဆန်း နေမည်သာဖြစ်သည်။

အထက်တွင် ဖေါ်ပြထားသကဲ့သို့ပင် သာမာန် လူတစ်ယောက်၏   အိပ်ချိန်ကု တစ်နေ့လျှင်  ၆နာရီ  မှ ၈ နာရီခန့် ရှိသင့်သည်ဟု အကြမ်းအားဖြင့်သာ သတ်မှတ်ပြောဆိုထားကြသော်လည်း လူတစ်ဦးနှင့် တစ်ဦး အိပ်ရေးဝရန် လိုအပ်သည့် အိပ်ချိန်မှာ လုံးဝကွဲပြားလေ့ ရှိကြသည်။ထို့ အပြင် ညဘက်၌ အိပ်သင့်သည့် အချိန်အပြည့် မအိပ်ခဲ့ရ၍ အားမရှိဟု စိတ်ထဲမှ ထင်နေသူတို့သည် နေ့လည်ဘက်တွင် တရေးတမော အချိန် ရသလောက် အိပ်ကြလေ့ရှိသည်။ အမှန်မှာ သူတို့၏  နေေ၇ာညပါ အိပ်ချိန်များကို စုပေါင်းလိုက်ပါက သူတို့ အိပ်ရေးဝပြီ အားရှိနေရန် လိုအပ်သည်ဟု ယူဆထားတတ်သော အိပ်ချိန် ၈နာရီ ထက်ပင် ပိုနေလေ့ရှိကြောင်း တွေ့ရှိရပါသည်။

အကယ်၍ မိမိသည် တစ်နေ့လျှင် ၆နာရီခန့် အိပ်ပျော်ပါက အိပ်ရေးဝသည် ဆိုပါစို့။ ထိုသို့ဖြစ်ပါက တစ်ညလျှင် ၉နာရီ အိပ်ရမှ အိပ်ရေးဝမည့် သူတို့ထက်  တစ်နေ့လျှင် မိမိအဖို့ အဖိုးတန်လှသော အချိန် ၃နာရီမျှ  အပိုရရှိနေပေမည်။ အခြားသူများ အိပ်ပျော်နေချိန်တွင် မိမိက ထိုအချိန် ၃နာရီကို စာဖတ်ခြင်း၊ အလုပ်လုပ်ခြင်း၊ စသည်ဖြင့် အကျိုးရှိသော အလုပ်များ၌ တန်ဖိုးရှိစွာ အသုံးချနိုင်သဖြင့်  ၉နာရီ အိပ်မှ အိပ်ရေးဝသောသူတို့ထက် ကံကောင်းသူတစ်ဦး ဖြစ်သည်ဟု မှတ်ယူနိုင်ပေသည်။ ထို့ကြောင့် အိပ်ရေးဝရန် တစ်နေ့လျှင် ဘယ်နှစ်နာရီမျှ  အိပ်သင့်သည်ဟု သတ်မှတ်ထားရန် မလိုအပ်ဘဲ၊ မိမိကို  အိပ်ရာမှနိုးစေရန် ဦးနှောက်အတွင်းရှိ မသိစိတ်က နှိုးလိုက်သော အချိန်သည် မိမိအတွက် ကျန်းမာ နေကောင်း အားရှိနေစေရန် လုံလောက်သော အိပ်ချိန် ရရှိပြီး ဖြစ်သည်ဟု မှတ်ယူထားသင့်ပါသည်။

အိပ်ပျော်စားဝင် နုပျိုအားရှိနေစေမည် ဆိုသည့် ဆေးများ
ကျွန်ုပ်တို့ နိုင်ငံတွင် ယခုအခါ အိပ်ပျော်စေပြီး အင်အားလည်း ရှိမည်ဆိုသည့် ဆေးဝါးများစွာ ဖေါ်စပ်ရောင်းချလျှာက်ရှသည်။ အမှန်ဆိုရလျှင် ကျွန်ုပ်တို့ ကိုယ်စိတ်နှစ်ပါး ကျန်းမာနေစေရန် အတွက် အစားအစာများ စားသောက်ခြင်း၊ အလုပ်များ လုပ်ကိုင်ဆောင်ရွက်ခြင်း၊ အိပ်စက်ခြင်းတို့ကို မျှတမှန်ကန်စွာ ပြုလုပ်နေ၇န် အစဉ် ဂရုပြုနေပါက ကျွန်ုပ်တို့ ခန္ဓာကိုယ်သည် မည်သည့် ဆေးဝါးကိုမှ မလိုအပ်ပါ။ လေ့လာတွေ့ရှိချက်များ အရ အသက် ၁၀၀ကျော် နေ နေကြရသည့် ပုဂ္ဂိုလ်တိုင်းသည် သူတို့၏  ဘ၀ တစ်လျှောက်လုံးမည်သည့် ဆေးဝါး တစ်ခုခုကိုမှ မှီဝဲသုံးစွဲ ခဲ့ရခြင်း မရှိကြောင်း တွေရှိရပါသည်ဟု ဆိုပါသည်။ ထို့ကြောင့် စားသောက်ခြင်း၊ လှုပ်လှုပ်ရှားရှားနေခြင်း၊ အနာယူခြင်း၊ သုံးခုတို့၌ မည်သည့် ကိစ္စ တစ်ခုကိုမှ အစွန်းနှစ်ဖက်  မေ၇ာက်စေဘဲ မျှမျှတတနှင့် မှန်မှန် ဂရုပြု ဆောင်ရွက်နေပါက အိပပျော်စားဝင်စေမည် ဆိုသည့် မည်သည့်ဆေးဝါးကိုမှ အသုံးပြုရန်  မလိုအပ်ပါ။ လူအများ ပြောဆိုလက်ခံ အကြံဥာဏ် ပေးတတ်သည့် “ အိပ်ယာမ၀င်ခင် နွားနို့ပူပူ တစ်ခွက် သောက်ခြင်းဖြင့် ကောင်းစွာ အိပ်ပျော်မှုကို ရရှိစေသည်” ဆိုသည့်အချက်သည်ပင် ဆေးပညာ ရှူ့ဒေါင့်မှ ကြည့်ပါက အခြေအမြစ်ခိုင် လုံမှု မရှိကြောင်း သိထားသင့်ပေသည်။

အိပ်မပျော်နိုင်ပါက  မည်သို့မည်ပုံ  အိပ်ပျော်နိုင်ရန်  ပြုလုပ်သင့်ပါသနည်း။ (အိပ်ဆေးမသုံးဘဲ အိပ်ပျော်စေမည့်နည်းများ။)
(၁) မကြာခဏ ဆိုသလို အလွယ်တကူ အိပ်မပျော်နိုင်ရခြင်းမှာ ၀မ်းဗိုက်တင်းပြီး အစာမကြေ၊လေပွ ဖြစ်နေခြင်းကြောင့် ဖြစ်တတ်ပါသည်။ ညနေစာကို များစွာ စားမိခြင်း၊ ဖျော်ရည်များ အသောက်များ သွားခြင်း တို့ကြောင့် ညအိပ်ယာ ၀င်ချိန်၌ ဗိုက်တင်းးနေကာ အိပ်မပျော်နိုင်ရန် အနှောက်အယှက် ဖြစ်နေစေ ပါသည်၊ထိုအခါမျိုး၌ အစာကြေစေသော ဂျဲလမက် တစ်ပြား ဖြစ်စေ၊ဆိုဒါမင့်ဆေး တစ်လုံး ဖြစ်စေ ၊ခရင်မ်အော့မဂ္ဂနီဆီယမ် နစ်လုံးလောက် ဖြစ်စေ သောက်လိုက်ခြင်းဖြင့်  ဗိုက်ကယ်လေပွ  နေခြင်းကို သက်သာသွားစေကာ မကြာမီ ကောင်းစွာအိပ်ပျော် သွားပါလိမ့်မည်။

(၂) အလွယ်တကူ အိပ်ပျော်ရန် ခက်ခဲလေ့ရှိပြီး ညဉ့်ဦးပိုင်း၌ မျက်စိ ကြောင်နေတတ်သူများအဖို့  အိပ်ယာထဲတွင် ဘယ်ညာလှည့်ပြီး အတင်းအိပ်ပျော်အောင် မကြိုးစားသင့်ပါ။ သိစိတ်ဖြင့် အိပ်ပျော်နိုင်အောင် အတင်းကြိုးစားလေ  အိပ်ပျော်နိုင်ရန် ဝေးလေပင်ဖြစ်သည်။ထိုကဲ့သို့ မျက်စိကြောင်နေတတ်သူများ အဖို့ အိပ်မပျော်ခင် အိပ်ယာထဲတွင် မိမိ ၀ါသနာပါရာ(သို့မဟုတ်) မိမိအတွက် အကျိုးရှိစေမည့် စာအုပ်များကို ဖတ်သင့်ပါသည်။ ဤကဲ့သို့ အိပ်ယာတွင် အိပ်မပျော်သေးဘဲ သက်တောင့်သက်သာ လှဲနေသည့် အချိန်သည် ဦးနှောက်အကြည်လင်ဆုံ၊ ဥာဏ်အပွင့်လင်းဆုံး အလျိန်တစ်ခုဖြစ်ရာ ခက်ခဲသော အယူအဆများ၊ပညာရပ်များ ဖတ်ရှု့ လေပဠာဆည်းပူးရန် အကောင်းဆုံးအချိန်တစ်ခုပင် ဖြစ်သည်၊ ထိုသို့ စာအုပ်များကို လေ့လာဖတ်ရှု့နေရင်း မကြာမီ မျက်စိညောင်းလာကာ အိပ်ချင်လာပါ လိမ့်မည်။ ထိုသို့ ညစဉ် မအိပ်ခင် စာပေများ ဖတ်ရှု့လေ့လာခြင်းဖြင့် အိပ်ပျော်သွားအောင် ပြုလုပ်ခြင်းသည် တစ်ချက်ခုတ်၊နှစ်ချက်ပြတ် ဆိုသလို ပညာ ဗဟုသုတလဲ ရ၍  အလွယ်တကူ အိပ်မပျော်နိုင်သည့် အခက်အခဲကိုလဲ ဖြေရှင်းပြီးသကဲ့သို့ ရှိစေသည်။

မိမိ အိပ်မပျော်၊အိပ်ရေးမ၀ဘဲ ရှိနေမည်ကို စိုးရိမ် ပူပန်နေသော စိတ်သည် အမှန်တကယ် အိပ်မပျော်ခြင်းထက် လူးကို အန္တရာယ် ရှိစေပါသည်။ တစ်ခါတစ်ရံတွင် အိပ်မပျော်နိုင်ဘဲ ရှိနေသောအချိန် အချို့ကို လေကောင်းလေသန့်များ ကောင်းကောင်း ရှုရှိုက်ခြင်း၊ကိုယ်လက်လေ့ကျင့်ခန်း ပြုလုပ်ခြင်း၊ စာဖတ်ခြင်းတို့ဖြင့် ကုန်ဆုံးစေခြင်းဖြင့် မကြာခင် အလွယ်တကူ အိပ်ပျော်သွားပါလိမ့်မည်။

(၃) စိတ်ပညာရှင် အများစု အကြုံပြုလေ့ရှိသည့် အိပ်ပျော်စေနည်း တစ်ခုသည်လည်း နည်းကောင်းတစ်ခု ဖြစ်လေသည်၊ ထိုနည်းမှာ ဦးစွာ- အိပ်ယာပေါ်တွင် ပက်လက်လှန် အိပ်ရပါမည်၊ လက်နှစ်ဖက်ကို ကိုယ်၏ ဘေးတစ်ဖက် တစ်ချက်တွင် သက်တောင့်သက်သာ ချထားရပါမည်၊ ခြေတောက်နှစ်ခုကို အနည်းငယ် ခြဲထားရပါမည်၊ ထိုပုံစံမျိုးဖြင့် အိပ်ယာထဲတွင် သက်တောင့် သက်သာလှဲနေပြီးနောက် အသက်ကို ပြင်းပြင်းနှင့် ဖြည်းဖြည်း   နှာခေါင်းမှနေ၍  ရှုသွင်းရှုထုတ်ခြင်းကို မှန်မှန် ပြုလုပ်ရပါမည်၊မိမိ၏စိတ်ကို အသက်ရှုသွင်း ရှုထုတ်မှုပေါ်၌ လုံးဝ အာရုံ စုးစိုက်ထားရပါမည်၊ ခန္ဓာကိုယ် တစ်ခုလုံးကိုလည်း ဖြေလျော့ထားရပါမည်၊ ဤသို့ ပြုလုပ်နေပါက မကြာမီ အိပ်ပျော်သွား ပါလိမ့်မည်။ အကယ်၍ အိပ်မပျော်သေးပါကလည်း ကိစ္စမရှိပေ။ ဤအနေအထားအတိုင်း အိပ်ယာပေါ်တွင် ကိုယ်လက်ဖြေလျော့၍ လှဲအိပ်နေကာ အသက်ပြင်းပြင်း ဖြည်းဖြည်း ရှုနေခြင်းအားဖြင့် တကယ် အိပ်ပျော်သကဲ့သို့ပင် ခန္ဓာကိုယ်ကို လန်းဆန်းအားပြည့်စေပါသည်။

(၄) ကျွန်ုပ်တို့သည် တကယ်တမ်း ကိုယ်ကာယ ပင်ပန်းနေပါက အိပ်ယာပေါ် ခေါင်းချလိုက်သည်နှင့် အိပ်ပျော်သွားတတ်ကြပါသည်၊ ထို့ကြောင့် ညနေစာ စားအပြီး၌ လမ်းလျှောက်ခြင်း၊ ညနေခင်း၌ တင်းနစ်ရိုက်ခြင်း၊ကြက်တောင်ရိုက်ခြင်း၊ ဂေါ့ဖ်ရိုက်ခြင်း ကဲ့သို့သော ကိုယ်လက်လှုပ်ရှား အားကစား တစ်ခုခု ပြုလုပ်ခြင်းဖြင့် ကျန်းမာရေးနှင့်လည်း ဆီလျော်သော ကိုယ်ကာယ ပင်ပန်းမှု တစ်ခုခုကို ပြုလုပ်သင့်ပါသည် ဤသို့် ပြုလုပ်ခြင်းဖြင့် စိုးရိမ်သောက ဖိစီးမှုများကို လျော့နည်း ပပျောက်စေပါသည်၊ ကိုယ်လက်လှုပ်ရှား အားကစား တစ်ခုခု ပြုလုပ်ခြင်းသည် စိုးရိမ်သောက ဖိစီးမှုများ အတွက် အကောင်းဆုံး ဖြေဆေး  တစ်ခုဖြသ်ပါသည်၊ မိမိ၌ ထိုကဲ့သို့ စိုးရိမ်သောက ဖိစီးမျုများ မရှိတော့ဘဲ ကိုယ်ကာယပင်ပန်းမှုလည်း ဖြစ်နေပါက မကြာမီ အိပ်ပျော်သွားမည်ပင် ဖြစ်ပါသည်။

(၅) ကျွန်ုပ်တို့သည် အသက်အရွယ် ကြီးလာသည်နှင့်အမျှ နံနက် အစောကြီး အိပ်ယာမှ နိုးနေတတ်လေ့ရှိကြသည်၊ အိပ်ချိန်မှာလဲ တဖြည်းဖြည်း လျော့နည်းလာပြီး တစ်ညလျှင် ၄နာရီ၊ ၅နာရီ ခန့်သာ အိပ်ပျော်တော့သည်။  အသက် ၅၀ကျော်၊ ၆၀လောက် အရွယ်မှစ၍ ဤ သို့ ဖြစ်တတ်ကြသည်၊ ထိုသို့သော ပုဂ္ဂိုလ်များသည်  ညပိုင်းတွင် နောက်ကျမှ  အိပ်ယာဝင်သင့်သည်၊ သို့မှာသာ နံနက်ပိုင်းတွင် အိပ်ယာမှ အစောကြီး မိုးမလင်းခင် နိုးနေခြင်းမှ ရှောင်ရားနိုင်ပေမည်။

အိပ်စက်ခြင်းနှင့် ပတ်သက်၍ လူအများ မှာယွင်းစွာ လက်ခံယူဆထားသည့် အချက်များ
(၁) ကျန်းမာရေး ကောင်းမွန်နေစေရန် အတွက် တစ်ညလျှင် အနည်းဆုံး  ၈ နာရီ အိပ်ရန် လိုအပ်သည်။ ဤအချက်မှားယွင်းကြောင်း အထက်၌ ရှင်းလင်း ဖေါ်ပြခြဲ့ပီး ဖြစ်သည်။

(၂) အကယ်၍ မည်သည့် အကြောင်းကြောင့်ဖြစ်စေ၊ တစ်ည နှစ်ညခန့် လုံးဝ မအိပ်လိုက်ရပါက ထိုမအိပ်လိုက်ရသော အိပ်ချိန် ပမာဏကို နောက်ရက်များတွင် ပြန်ဖြည့်ပြီး အိပ်ရန် လိုအပ်သည်၊ဤ အချက်ကို ရှေ့တန်းစစ်မျက်နှာများ၌ စစ်တိုက်နေကြသော စစ်သားများတွင် ထင်ရှားစွာ တွေ့နိုင်ပါသည်၊သူတို့သည် တစ်ခါတစ်ရံ တိုက်ပွဲြ့ပင်းထန်နေလျှင် လေးငါးရက် ဆက်တိုက် တရေးမှ မအိပ်ရဘဲ စစ်တိုကိနိုင်ကြပြီး နောက်ရက်များတွင် ပုံမှန် အိပ်ချိန်ကိုသာ အိပ်ကြသည်၊ထိုသို့ ဖြစ်သည့်တိုင် သူတို့သည် ကျန်းမာရေး ကောင်းမွန်နေပြီး နောက်ထပ် တိုက်ပွဲများကို အင်အား အပြည့်နှင့် ဆက်တိုက်နိုင်ကြကြောင်း တွေ့ရှိရပါသည်၊အိပ်စက်ခြင်းကိစ္စ၌ အချိန် မည်မျှအိပ်ရမှ မည်မျှ အားရှိမည်ဟု တိုက်ရိုက် ပြော၍ မရနိုင်ပေ။ထို့ပြင် သင်္ချာတွက်သလို ဆုံးရှူံးလိုက်ရသော အိပ်ချိန်ပမာဏကို ကာမိရန် နောက်ရက်များတွင် အိပ်ချိန် ပိုအိပ်ပြီး ပြန်ဖြည့်၍ ရသည့် ကိစ္စမျိုးလည်း မဟုတ်ပေ၊ တစ်ည နှစ်ည ခန့် လုံးဝ မအိပ်ရသည့် တိုင် ကျွန်ုပ်တို့ ကိုယ်ခန္ဓာအတွင်းရှိ ဇီဝကမ္မဆိုင်ရာ လုပ်ငန်းများ ပုံမှန်အတိုင်း ကောင်းမွန်စွာ ဆက်လက် လုပ်ကိုင်နိုင်ရန် အံ့သြလောက်အောင်ပင် ဆောင်ရွက်ပေးနိုင်ပါသည်။

(၃) အိပ်မပျော်ခြင်းသည် ကျန်းမာရေးကို ထိခိုက်နိုင်ပြီး ကာလကြာရှည်လာပါက စိတ်ဖေါက်ပြန်ခြင်း ရူးသွပ်ခြင်း များအထိဖြစ်နိုင်ပြီး နောက်ဆုံး အသက်အန္တရာယ်ပင် ရရှိနိင်ပါသည်၊ ဤအချက်၌ ကာလရှည်ကြာစွာ အိပ်မပျော်ရခြင်း၊အကြောင်းရင်းသည် အရေးကြီးပေသည်၊အိပ်မပျော်ခြင်းကြောင့် ရူးမသွားနိုင်သည်မှာ သေချာသော်လည်း ရူးနေခြင်းကြောင့်  ကာလကြာရှည်စွာ အိပ်မပျော်နိုင်ခြင်းသည်သာ ဖြစ်နိုင်ပါသည်၊ ကာလကြာရှည်စွာ အိပ်မပျော်ခြင်းသည် ကြာလာလျှင် စိတ်ပိုင်းဆိုင်ရာ ကျန်းမာမှုကို အဓိက ထိခိုက်နိုင်ပေသည်၊ သို့သော် ကာလကြာရှည်စွာ အပိမပျော်သည့် အောကာင်းရင်း တစ်ခုတည်းဖြင့် အသက် အန္တရာယ် လုံးဝ မရှိနိုင်ပါ။

(၄) ညဉ့်သန်းခေါင်ယံ မတိုင်မီ တစ်နာရီမျှ အိပ်ပျော်လိုက်ရခြင်းသည် သန်းခေါင်ကျော်ပြီးမှ နှစ်နာရီ အိပ်ခြင်းထက် ပို၍အားရှိကာ အကျိုးရှိစေသည်၊ ဤအချက်သည်လည်း မှားယွင်းသော ယူဆချက် တစ်ခုဖြစ်ပါသည်၊ အိပ်စက်ခြင်း ဆိုသည်မှာ ကိုယ်စိတ်နှစ်ပါး အနားယူ အားဖြည့်ခြင်းဖြစ်ရာ ဘယ်အချိန်တွင်ပင် အိပ်အိပ် အကျိုးရှိမှုမှာ အတူတူပင် ဖြစ်ပါသည်။

အိပ်စက်ခြင်းနှင့် ပတ်သက်၍ သိထားသင့်သည့် အချက်များ
(၁) အသက်ကြီးသူများသည် အသက်ငယ်ရွယ်သူများထက်  အိပ်ချိန်နည်းလေရှိသည်။ (ယောက်ျားများသည် မိန်းမများထက် အိပ်ချိန် နည်းလေ့ရှိသည်။)
(၂) အိပ်စက်နေချိန် နှစ်ခြိုက်စွာ အိပ်မောကျခြင်းနှင့် အလွယ်တကူ နိုးလွယ်သော အိပ်ခြင်းတို့ တစ်လှည့်စီ ဖြစ်ပေါ်နေပါသည်၊ အိပ်မောကျခြင်းသည် အများအားဖြင့် တစ်နာရီ နှစ်နာရီခန့်သာ ကြာတတ်သည်၊ သို့သော် ထိုမျှလောက် နှစ်ခြိုက်စွာ အိပ်မောကျရုံမျှဖြင့် တစ်ညတာ လိုအပ်သော အိပ်စက်အနားယူမှုမှာ လုံလောက်သွားပြီဖြစ်သည်။

No comments:

Post a Comment