Monday, January 30, 2012

စားသောက်ရန်အတွက်လိုအပ်သောအရောင်(၅)မျိုး

စားသောက်ရန်အတွက်လိုအပ်သောအရောင်(၅)မျိုး


ခန္ဓာကိုယ်မှာရှိတဲ့ ဆဲလ်တွေ ယိုယွင်းပျက်စီးမှုကို ကာကွယ်ပေးတဲ့ ဖီတိုနျူးထရီးရန့် (Phytonutrients) (သို့) အန်တီအောက်ဆီဒင့်ထ်စ် (Antioxidants) တွေဟာ အရောင် အသွေးစုံလင်တဲ့ သီးနှံတွေနဲ့ အစားအသောက်တွေမှာ ပါဝင်ပါတယ်။ Amy Hendel ဆိုတဲ့ ကျန်းမာရေး အကြံပေးကတော့ … “တကယ်လို့ ချက်ပြုတ်ဖို့ ဈေးဝယ်ထွက်မယ်ဆိုရင် ချက်ပြုတ်မယ့်စာရင်းထဲမှာ အရောင်သုံးရောင် ၀ယ်ဖို့ကြိုးစားပါ။” လို့ တိုက်တွန်းပါတယ်။

အစိမ်းရောင်လွှမ်းသော အစားအစာများ (Shades of Green)
ကျန်းမာရေးအတွက် အထောက်အကူပြုမှုများ
ကျန်းမာသန်စွမ်းတဲ့ ဆဲလ်တွေကို ထိန်းသိမ်းပေးနိုင်ပါတယ်။ သွေးကြောတွေ၊ နှလုံးနဲ့ အသည်းကို အထောက်အကူပြုပါတယ်။

ဘာတွေစားရမလဲ
ကိုက်လန်၊ ဟင်းနုနွယ်၊ ငြုတ်ကောင်းအစိမ်း၊ ဆလတ်ရွက်၊ ပန်းဂေါ်ဖီအစိမ်း၊ ပဲစိမ်း၊ ပဲပိစပ်၊ လက်ဘက်စိမ်း။


အပြာရောင်နှင့် မဲနယ်ရောင် အစားအစာများ
ကျန်းမာရေးအတွက် အထောက်အကူပြုမှုများ
ဦးနှောက်နဲ့ နှလုံးကျန်းမာရေးကို မြှင့်တင်ပေးပါတယ်။ သွေးကြောတွေကို ထောက်ပံ့ပေးပါတယ်။

ဘာတွေစားရမလဲ
စပျစ်သီး၊ ဘလူးဘယ်ရီ၊ဘွိုင်ဆန် ဘယ်ရီ(boysenberries)၊ ခရမ်းရောင် ဂေါဖီထုပ်၊ black currants၊ ခရမ်းသီး၊ ကန်စွန်းဥနီ၊ ပဲနက်၊ ဆီးသီး၊ ဘလက်ဘယ်ရီ။


အနီရောင်နဲ့ပန်းရောင်
ကျန်းမာရေးအတွက် အထောက်အကူပြုမှုများ
အမျိုးသားများအတွက် ပရောစတိတ် ဂလင်းကို အထောက်အကူပြုသလို၊ DNA မော်လီကျူးတွေကို ပံ့ပိုးပေးပါတယ်။

ဘာတွေစားရမလဲ
ဆော့စ်လုပ်တဲ့ အနီရောင် ဘယ်ရီသီးအချဉ်(Cranberries)၊ ဖရဲသီး ၊ ဂရိတ်ဖရု၊ မာလကာသီးအနီ၊ မုန်လာဥနီ၊ စတော်ဘယ်ရီ၊ ချယ်ရီသီး၊ ခရမ်းချဉ်သီး၊ ပန်းသီး အနီ။

 
အ၀ါရောင်နှင့် လိမ္မော်ရောင်
ကျန်းမာရေးအတွက် အထောက်အကူပြုမှုများ
မျက်လုံးကျန်းမာရေးအတွက် အထောက်အကူပြုပါတယ်။
ကိုယ်ခန္ဓာရဲ့ ခုခံအားစနစ်ကို ပံ့ပိုးပေးပါတယ်။ အရေပြားတွေမှာ ရေဓာတ်ထိန်းသိမ်းမှုကို အားပေးပါတယ်။ ခန္ဓာကြီးထွားမှုကို မြှင့်တင်ပေးပါတယ်။

ဘာတွေစားရမလဲ
နာနတ်သီး၊ ရှောက်သီး၊ လိမ္မော်သီး၊ မုန်လာဥ၀ါ၊ ကန်စွန်းဥ၊ သင်္ဘောသီး၊ ပြောင်းဖူး၊ တရုတ်ဆီးသီး၊ ပျားလိမ္မော်၊သခွားမွှေး။


အဖြူရောင်နှင့် ၀ါညိုနုရောင်
ကျန်းမာရေးအတွက် အထောက်အကူပြုမှုများ
အရိုးကျန်းမာရေးအတွက် အထောက်အကူ ပြုပါတယ်။ သွေးသွားသွေးလာ မှန်ကန်စေပြီး၊ သွေးကြောတွေကို ထောက်ပံ့ပေးပါတယ်။

ဘာတွေစားရမလဲ
ကြက်သွန်ဥနီ၊ မှို၊ ပဲကြီး၊ ကြက်သွန်ဖြူ၊ ပန်းဂေါ်ဖီ၊ သစ်တော်သီး၊ သင်္ဘောဒန့်သလွန်(horseradish)။


ကျန်းမာရေးကို အထောက်အကူပြုတဲ့ အရောင်(၅) ရောင်ကို ပုံမှန်စားသုံးပြီး ကိုယ်ရော စိတ်ပါ ကျန်းမာနိုင်ကြပါစေလို့ ဆန္ဒပြုပါတယ်။


စားချင်တာလေးစားပြီး ပျော်ရွှင်ပါစေနော်

No comments:

Post a Comment