Thursday, February 2, 2012

ခေတ္တလေပိတ်ခြင်း

ခေတ္တလေပိတ်ခြင်းသည် ခေတ္တလေဖြတ်သွားခြင်းပင်ဖြစ်သည်။ ရုတ်တရက် လက်၊
ခြေများအေး၍ လေးလံလာပြီးနောက် မိနစ်အနည်းငယ် အကြောတွင် မလှုပ်နိုင်၊
မကြွနိုင်၊ မလှမ်းနိုင် ဖြစ်သွားပါသည်။
ပို၍ဆိုးလျှင် စကားပြောပါလေးပြီး လျှာဝါးသလို ဖြစ်သွားတတ်ပါသည်။
ထိုသို့ဖြစ်ပြီးနောက် (၁)နာရီ၊ (၂)နာရီ ကြာသောအခါ
အလိုလိုပြန်ကောင်းသွားပါသည်။ ဤသို့ဖြစ်ခြင်းမှာ လေတွန်းအားဖြင့်
လှည့်လည်နေသော နှလုံးသွေးလွှတ်ကြောများတွင် လေပိတ်ဆို၍ ဦးနှောက်သို့
သွေးအရောက် နည်းသွားခြင်း ဖြစ်ပါသည်။ ထို့နောက်
အလိုအလျောက်ပြန်ပွင့်သွား၍ ပြန်ကောင်းသွားသည်။ ဤကဲ့သို့ဖြစ်ခြင်းမှာ
ရှေ့(၂)နှစ်အတွင်း လေဖြတ်မည်ဟု သတိပေးသော လက္ခဏ ဖြစ်ပါသည်။ လေဖြတ်မည့်
အနေအထိုင် အစားအသောက်ဆင်ခြင်၍ သွေးပေါင်မတတ်အောင် အအေး မပတ်အောင်
ဂရုစိုက်နေပါ။ စိတ်ရှုပ်စရာ လုပ်ငန်းများကို ရပ်ဆိုင်းပါ။ မရပ်ဆိုင်းလျှင်
စိတ်ကြောင့် လေဖြတ်သည်အထိ ဖြစ်နိုင်ပါသည်။ အချို့က ခေတ္တလေပိတ်နေချိန်တွင်
တစ်ကိုယ်လုံး ပရုတ်ဆီလိမ်း၍ ပြန်ကောင်းသါားသည်ဟု ထင်ကြသည်။ အချို့ကလည်း
စပါးကြီးသည်ခြေ လျှာပွတ်၍ ပြန်ကောင်းသွားသည်ထင်ကြသည်။ အချို့က
အိမ်ရောက်လာသော အနှိပ်သည်က ကြုံ၍၀င်နှိပ်ပေးလိုက်ရာ “လေဖြတ်တာ
တစ်ခါတည်းနှိပ်တာနဲ့ ကောင်းသွားတယ်” ဟုပြောကြသည်။ မဟုတ်ပါ။
တိုက်ဆိုင်ခြင်းသာ ဖြစ်ပါသည်။ သင် သတိမထားလျှင် ရှေ့လာမည့်
(၂)နှစ်အတွင်းမှာ လေဖြတ်မည့်ရှေးပြေး လက္ခဏကြီးတစ်ခု ဖြစ်ပါသည်။
ရေချိုးပြီးတိုင်း မျက်စိနီရဲသူများနှင့် ခေတ္တလေပိတ်ဖူးသူများမှာ
လေဖြတ်နာတာရှည်ဖြစ်မည့် လက္ခဏ အပြည့်ရှိသူများ ဖြစ်သည်။
ကြိုတင်သတိရှိကြပါ။

No comments:

Post a Comment