Thursday, February 2, 2012

နှာခေါင်းသွေးလျှံခြင်း ရပ်အောင်လုပ်နည်းများ

နှာခေါင်းသွေးလျှံခြင်းသည် နှာခေါင်းအတွင်းရှိ သွေးကြောများ

ပေါက်ထွက်ခြင်းကြောင့်ဖြစ်ပြီး ကလေးများတွင် အဖြစ်များသည်။

နှာခေါင်းသွေးလျှံခြင်းသည် သူ့အလိုလို ရပ်သွားနိုင်သော်လည်း

အမြန်ရပ်အောင် လုပ်နည်းများလည်း ရှိပါသည်။
 
၁။ နှာခေါင်းအလယ်ပိုင်းနှာရိုးကို လက်မနှင့် လက်ညှိုးဖြင့် ဖိညှပ်ကာ

     ၁၅မိနစ် ကြာသည်အထိ ထိထားပါ။

၂။ ခေါင်ကို ရှေ့ငိုက်ထားပါ။ အနောက် မော့မထားပါနှင့်။ သို့မှသာ နှာခေါင်းသွေးများ

    သင့်လည်ချောင်အတွင်း စီးမ၀င်တော့ဘဲ ဆို့မနေတော့မှာပါ။

၃။ ပါးစပ်နှင့် အသက်ရူသွင်း၊ ရူထုတ်လုပ်ပါ။

၎။ အေး၍ နှုးညံ့သော ရေခဲထည့်ထားသည့် သို့မဟုတ် ရေစိမ်

    မျက်နှာသုတ်ပ၀ါအသေးစား သို့မဟုတ် လက်ကိုင်ပ၀ါကို နှာခေါင်းနားတစ်ဝိုက်

    တင်ထားပေးပါ။

၅။ နှာခေါင်းသွေးယိုခြင်း ရပ်သွားလျှင် အိပ်ရာပေါ် သို့မဟုတ်

ဆိုဖာပေါ်လှနေပါက ဦးခေါင်းကို နှလုံးအထက် မြှင့်တင်ထားပါ။ သို့မှသာ

နှာခေါင်းတွင်း ဖိအားသက်သာလျော့နည်းသွားမှာပါ။

၆။ နှာခေါင်းတွင်း အမြှေးပါးအလွှာ ခြောက်သွေ့ခြင်းမရှိအောင် လေအေးပေးစက်

     ဖွင့်လိုက်ပါ။ သို့မှသာ နှာခေါင်းသွေးထပ်မံလျှံခြင်း မရှိတော့မှာပါ။

၇။ နှာခေါင်းဖြင့် လေမှုထုတ်ခြင်းကို ၂၄နာရီအတွင်း မပြုလုပ်ပါနှင့်။

    နောက်တစ်ခါ နှာခေါင်းဖြင့် လေမှုတ်ထုတ်ပါက ညင်သာစွာ မှုတ်ထုတ်ပါ။

၈။ နှာခေါင်းသွေးယိုပြီးနောက်ပိုင်း


    အလေးအပင် မ,မပါနှင့်။“ပြင်းထန်စွာ လှုပ်ရှားရသော အလုပ်အကိုင်များ

    မလုပ်ပါနှင့်။ သွေးဖိအားများလာပြီး နှာခေါင်းသွေး ထပ်မံယိုလာနိုင်ပါသည်။

No comments:

Post a Comment