ဤနည်းမှာ မိမိတွင်ဖြစ်ပေါ်နေသော ရောဂါလက္ခဏများနှင့် ခံစားချက်များကို
မိမိယုံကြည်ရာ-
(က) အနောက်တိုင်း အထူးကုဆရာဝန်များထံတွင် တင်ပြကုသမှုခံယူခြင်း။
(ခ) တိုင်းရင်းသမားတော်ကြီးများ၊ တိုင်းရင်းဆေးရုံကြီးများတွင် ပြသကုသမှုခံယူခြင်း။
(ဂ) ထုံကျဉ်ရောဂါစွဲကပ်နေလျှင် အကြောပြင် ပညာရပ်ဆိုင်ရာ သမားတော်၊
အကြောပြင်ဆရာများနှင့် အကြောပြင်ကုသမှုခံယူခြင်း။
(၂) ဆေးဝါးမပါ ဓာတ်စာဖြင့် ကြိုတင်ကာကွယ်ခြင်း။
ဓာတ်စာ စားသည်ဆိုသည်မှာ (Diet Control) မတည့်သည့် အစာမှန်သမျှကို
စားခြင်းမှ ရှောင်ကြဉ်ပြီး တည့်သည့်ရောဂါနှင့် သင့်တော်သည့် အစာအာဟာရကို
စားသုံးခြင်းကို ဆိုလိုသည်။ (ဓာတ်စာစားသည်ဆိုပြီး တစ်ဖက်မှ မတည့်သော
အစားများကို စားသုံးနေပါက ဓာတ်စာမှာ မထိရောက်နိုင်ပါ။)
(က) ရှောင်ရန်အစာများ
(က/၁) အကြောပိတ်စေသောအစာများ
ဝက်သား၊နွားနို့၊ မလိုင်၊ ငါးမြင်း၊ ငါးဖယ်၊ အုန်းနို့၊ ထောပတ်၊
လက်ဖက်စို၊ မြေပဲ၊
ကုလားပဲ၊ မျှစ်ချဉ်၊ မြေအောင်းသားများ၊ မြေထွက်ဥထွက်များ၊ တိရစ္ဆာန်အဆီများ၊
အုန်းထမင်း၊ ဒံပေါက်။
(က/၂) လေပွ၊ လေပျက်စေသောအစာများ
ဝက်သား၊ ခရမ်းသီး၊ ကောက်ညှင်းဖြူ၊ လက်ဖက်၊ ခွေးတောက်၊ တမာ၊ ကြောင်လျှာ၊
ကက်ဟင်းခါး၊ မျှစ်၊ မျှစ်ချဉ်၊ စာကလေး၊ ဆနိုက်စသော ငှက်များ၊ ဘူးသီး၊ ဘူးချဉ်၊
ခ၀ဲသီး၊ မုန်ညင်း၊ ပဲများ၊ ရေခဲရေ၊ ရေခဲမှုန့်၊ မှို၊ ဆူးပုပ်။
(က/၃) အကြော၊ အဆစ်ရောင်စေသောအစာများ
ဝမ်းတွင်းသားများ၊ အသည်း၊ အမြစ်၊ စားအုန်းဆီ၊ ခရမ်းသီး၊ တညင်းသီး၊
အုန်းနို့ကျောက်ကျော၊ ဆနီင်းမကင်း၊ ဖာလူဒါ၊ ချိုဆိမ့်အီသောအစာများ။
(က/၄) ညစာစားခြင်းကို ရှောင်ကြဉ်ခြင်း
ရှစ်ပါးသီလတွင် ပါဝင်သော (၀ိကာလဘောဇန ဝေရမဏိသိက္ခာပဒံ သမာဓိယာမိ)
နေလွဲသောအခါ ညစာစားခြင်းကို ရှောင်ကြဉ်ပါ၏ဟူသော သိက္ခာပုဒ်သည် ဆေးပညာ
ရှုထောင့်မှကြည့်လျှင် အလွန်ကောင်းမွန်သော သိက္ခာပုဒ် ဖြစ်သည်။ ညနေ/ည
အချိန်များတွင် ကြေညက်ခဲသောအစာ ထမင်းဟင်းတို့ကိုစားလျှင် အစာအိမ်ကိုလည်း
အပြစ်ပြုသည်။ အစာမကြေ ရောဂါမှစ၍ နောက်ဆက်တွဲ လေရာဂါအမျိုးမျိုး
ဖြစ်နိုင်သည်။ အာယုဗ္ဗေဒ ဆေးပညာအလိုအားဖြင့်လည်း နံနက်(သလိပ်)၊ နေ့လယ်
(သည်းခြေ)၊ ညနေ(လေ) ဟူသော ဆိုရိုးနှင့်အညီ ညနေစာစားခြင်းသည် အာဟာရကို
မဖြစ်စေဘဲ စားသမျှအစာမှာ လေစာဖြစ်သွားသည်ဟု ဆိုလိုသည်။ ထို့ကြောင့်
ညနေစာ စားခြင်းကို ရှောင်ကြဉ်သူများမှာ လေဖြတ်ခြင်းကိုလည်း ကာကွယ်ရာ
ရောက်ပါသည်။
(ခ) စားရန်အစားများ
ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ချင်း အစရှိသော ယနေ့ကမ္ဘာသိ သွေးတိုး၊
နှလုံးသွေးကြောကျဉ်း၊ ဦးနှောက်သွေးကြောပြတ်၊ လေဖြတ်ကာကွယ်နိုင်သည့်
အစားအာဟာရများမှာ မြန်မာနိုင်ငံတွင် မီးဖိုချောင်သုံး အစာများဖြစ်၍
အထူးတင်ပြရန်ပင် မလိုတော့ပါ။ ၎င်းအပြင် ရှောက်သီး၊ ရှောက်ရွက်၊ ဥသျှစ်ရွက်၊
ပရန္န၀ါရွက်၊ ပဒဲကော၊ ပင်စိမ်းရွက်၊ ပိုးစာရွက်၊ ပျဉ်တော်သိမ်ရွက်၊
မုန်လာဥနီ၊ မယ်ဇလီရွက်/ဖူး၊ မြင်းခွာရွက်၊ ရဲယိုရွက်/သီး၊ ဟင်းနုနွယ်၊
ဧကရာဇ်ရွက်၊ ပဲရောဇာ၊ နှမ်းဆီ၊ ပျားရည် စသည်များမှာလည်း
သင့်သောအစာများဖြစ်သည်။ အကယ်၍ ဓာတ်စာစားရန် အခက်ခဲရှိပါကလည်း
ဓာတ်စာကျွမ်းကျင်သော သမားတော်ကြီး များလည်း အနယ်နယ်အရပ်ရပ်တွင်ရှိသဖြင့်
၎င်းတို့ထံမှ ညွှန်ကြားမှုခံယူပြီး စားသုံးလျှင် ပိုမိုကောင်းမွန်ပါသည်။
လေဖြတ်ထားသူများနှင့် သင့်တော်သော စားရန်ဓာတ်စာ(၇)မျိုး
(၁) ကြက်သားနှင့်ရှောက်ရွက်သုတ်စား။
(၂) ရဲယိုရွက်နှင့် ငါးခူရောချက်စား။
(၃) ပဲရာဇာဟင်းချိုသောက်။
(၄) ဒန့်သလွန်ရွက်ဟင်းချိုသောက်။
(၅) ရှောက်သီးဖျော်ရည်သောက်။
(၆) ဖီးကြမ်းငှက်ပျောသီးမီးဖုတ်၍ တစ်နေ့(၂)လုံးစား။
(၇) ငါးကြင်းကို နှမ်းဆီနှင့်ကြော်၍ မန်ကျဉ်းမှည့်နှင့်ပြန်ချက်စား။
အဆိုပါ ဓာတ်စာ (၇)မျိုးမှာ လွယ်လွယ်လေးနှင့် ထိရောက်သော
ဓာတ်စာများဖြစ်သည်။ အားတိုးဆေးများ အားရှိသည့် အသားဓာတ်များသော အစာတိုင်း
လေဖြတ်သူနှင့် မတည့်ပါ။ အစာကြေလွယ်ပြီး အကြောလေလျှောက်စေသော ဓာတ်စာများသာ
လေဖြတ်သူကို ပြန်ကောင်းစေနိုင်ပါသည်။ လေဖြတ်ရောဂါ၊ လေးဘက်နာရောဂါ၊
သွေးတိုးနှင့် သွေးချို၊ ဆီးချိုရောဂါများအတွက် အထက်ပါ ဓာတ်စာများကို
နေ့စဉ် (၁)မျိုး၊ (၂)မျိုးပါအောင် တစ်လခန့် ရက်ဆက်ကျွေးပါ။
(၃) တရားထိုင်ခြင်း (Meditation)
ဤနည်းဖြင့် ရောဂါအမျိုးမျိုးပျောက်ကင်းေ
မြန်မာပြည်သာမက ကမ္ဘာအရပ်ရပ်တွင် တရားစခန်းများ (Meditation Centre)
တစ်နေ့တစ်ခြား တိုးးပွားလာပြီး ဘာသာပေါင်းစုံမှ နိုင်ငံခြားသားများပါ
တရားထိုင်ခြင်း၊ ကမ္မဋ္ဌာန်းထိုင်ခြင်း၊ ၀ိပသာနာတရားရှုမှတ်ခြင်းများ
ပြုလုပ်နေကြပြီဖြစ်သည်။ မြန်မာနိုင်ငံမြို့နယ်များစွာတွ
ဝိပဿနာစခန်းများစွာရှိပါသည်။ မူကွဲများစွာရှိသော်လည်း ရည်ရွယ်ချက်မှာ
အတူတူပင်ဖြစ်သည်။ မိမိနှစ်သက်ရာနည်းဖြင့် တရားစခန်းဝင်ပြီးလျှင်
မိမိအိပ်တွင်ပင် တရားရှုမှတ်နိုင်ပါသည်။
အနောက်တိုင်းဆေးပညာဂျာနယ်ကြီးမျ
(Accupanture) အနှိပ်/အကြောပြင် (Massage) နှင့် တရားထိုင်ခြင်း
(Meditation) နည်းများဖြင့် ဦးနှောက်အတွင်း သွေးယိုစိပ့်မှုနှင့်
လေဖြတ်ခြင်းရောဂါများမှာ ရာနှုန်းအတော်များများ ပြန်ကောင်းလာနိုင်ကြောင်း
ဖော်ပြချက်များကို သတင်းစာများမှတစ်ဆင့် ဖတ်ရှုရပါသည်။ တရားထိုင်ခြင်းသည်
စိတ်ထဲမှ ကိလေသာအညစ်အကြးများကို စင်ကြယ်အောင်လုပ်ခြင်းပင် ဖြစ်သည်။ စိတ်က
စင်ကြယ်သွားသောအခါ ခန္ဓကိုယ်မှ ဆင်းရဲဒုက္ခအမျိုးမျိုးမှာလည်း
လွတ်မြောက်သွားမည်ဟု ဆိုပါသည်။ ထူးခြားချက်မှာ ရိပ်သာနေယောဂီများ
အသက်(၅၀)ကျော်မှ (၈၀)ကျော်များအထိ တစ်ဦးတစ်ယောက်မှ လေမဖြတ်ခြင်း
ဖြစ်ပါသည်။ ၎င်းယောဂီများတွင် ထုံကျဉ်နာနှင့် လေဖြတ်မည့်ရှေးပြေး
လက္ခဏရှိသူများလည်း တွေ့ရပါသည်။ သို့သော် ၎င်းအဆင်မှ တတ်လာပြီး
လေဖြတ်သူမရှိပါ။ ထို့ကြောင့် တရားရှုမှတ်ခြင်း၊ တရားထိုင်ခြင်းသည်
လေဖြတ်ရောဂါအတွက် ကာကွယ်နည်းဖြစ်ကြောင်း ယုံကြည်သဖြင့် တင်ပြလိုက်ရခြင်း
ဖြစ်ပါသည်။
No comments:
Post a Comment