Thursday, February 2, 2012

အကြောပြင်နှင့် အနှိပ်

အနှိပ်နှင့် အကြောပြင် ဘာကွာခြင်းသလဲဟု မေးကြပါသည်။ အ၀လွန်ပင်
ကွာခြားပါသည်။ အနှိပ်ဆိုသည်မှာ ကြွက်သားများ တင်းမာမှုကို လျော့စေရန်
လက်အင်အားသုံး၍ နှိပ်ခြင်းဖြစ်သည်။ တစ်ခါတရံတွင် ခြေထောက်ပါကူပြီး
တတ်နှင်းကြသည်။ နောက်ဆုံး အပူထုတ်သည်။ အပူထုတ်သည်ဆိုသည်မှာ ပေါင်ထိပ်
(သို့မဟုတ်) ချိုင်းအောက်မှ သွေးစီးဆင်းနေသော သွေးကြောကြီးများကို
ဖိနှိပ်ပိတ်ထားပြီး တစ်မိနစ်၊ နှစ်မိနစ်အကြာတွင် လွှတ်ပေးလိုက်ရာ
သွေးကြောပွင့်ပြီး အလုံးအရင်းစီးသွားသည်တွင် ပူရှိန်ဆင်းသွားသည့်

ခံစားချက်ကို ခံစားရလေသည်။ ဤသို့ ပူဆင်းသွားခြင်းကို အပူထုတ်သည်ဟု
အနှိပ်သည်က ခေါ်ကြသည်။ အပူထုတ်ခြင်းမှာ ကြွက်သားများကိုနှိပ်ပြီး
နောက်ဆုံးလုပ်သည့် အနှိပ်သည်၏ ပညာသားဖြစ်လေသည်။
အချို့အနှိပ်သည်များမှာ ရှေးနန်းတွင်း အနှိပ်ပညာရှင်မျိုးနွယ်စဉ်ဆက်မှ
ဆင်းသက်လာသည်ဆိုတာ အချိန်ကြာကြာနှင့် ထိရောက်အောင် (သူတို့အပြော)
အပူလည်းအောင်၊ အပူကုန်အောင် နှိပ်နယ်ပေးသောကြောင့်
အညောင်းအညာများသူများအတွက် အဆင်ပြေပြီး နေထိုင်ကောင်းသွားကြလေသည်။
တချို့က တစ်လတစ်ကြိမ် မှန်မှန်အပူလည်အောင် အနှိပ်ခံခြင်းကြောင့်
နေထိုင်ကောင်းကြောင်း ပြောကြပါသည်။ သို့သော် အချို့အနှိပ်သည်များမှာ
အ၀တ်လျှော်သည်။ အိမ်တွင် ထင်းခွဲ၊ရေခပ်၊ တောက်တိုမယ်ရလုပ်သည်း
ခိုင်းလျှင်လည်း နှိပ်ပေးသည်။ နင်းပေးသည်။ ငွေရ၍ လုပ်သည်။ ခြေလက်များကို
နင်းနှိပ်ရုံသာမကတော့ဘဲ လှန်ချိုးသည်။ အနှိပ်ခံရသူက အော်နေရလျှင်
အကြောထိသည်ဆိုကာ ပိုးတိုးလုပ်သည်။ ဤသို့ဖြင့် အနှိပ်သည်လက်ချက်ဖြင့်
ကျိုးပဲ့မသွားသော်လည်း အမြှေးအဆစ်များ ရောင်ကိုင်းကာ တစ်သက်လုံး
ဒဏ်ဖြစ်သွားသူများရှိသည်။ အချို့အ၀တ်လျှော်သမများမှာ ငွေရချောင်မှန်း
သိသဖြင့် အ၀တ်လျှော်သော အလုပ်မလုပ်တော့ဘဲ အနှိပ်ဆရာဟု အမည်ခံကာ
လုပ်ပေးနေသည်ကို ကိုယ့်တွေ့တွေ့ရဖူးပါသည်။ အနှိပ်ဆရာမကိုပင်
အိမ်ပင့်လျှင် ကြေးကြီးပေးရပြီး ရက်ကြိုပင့်ရသည် ပြောသဖြင့်
အံ့သြမိပါသည်။ အချို့သည် ငွေရလွယ်သည့်အလုပ်ကို တကယ်မတ်မကျွမ်းဘဲ
မှင်သေသေနှင့် လုပ်စားနေသည်ကို တွေ့ရသဖြင့် လူနာများအတွက်
စိုးရိမ်မိပါသည်။
စိုးရိမ်မိသည့်အတိုင်းပင် အချို့လေဖြတ်လူနာများမှာ
အနှိပ်သည်ချိုးဖဲ့သဖြင့် အာရုံမသိသော အခြားဘက်မှ
လက်မောင်းပြုတ်သွားသူများ၊ ပေါင်ထိပ်လျောသွားသူများ တွေ့ရဖူးပါသည်။
အကြောပြင်ဆရာများမှာ လေဖြတ်သည့်အကြာများကို ပြန်လည်သန်စွမ်းအောင်
အကြောပြင် ကုသပေးနိုင်သော်လည်း ပြုတ်သွားသော အဆစ်များ ပွန်းပဲ့သွားသော
အဆစ်အတွင်းမှ ခုတုံး၊ အရွယ်တုံးများ ပြန်ကောင်းအောင်
မလုပ်နိုင်သောကြောင့် အလွန်စိတ်မကောင်းဖွယ်ဖြစ်ပါသည်။
အနှိပ်သည် အများစုမှာ အထက်တွင် ရေးခဲ့သည့်အတိုင်း ကြွက်သားများ
အညောင်းပြေရုံနှင့် အပူထုတ်ရုံမှလွဲ၍ ခန္ဓာဗေဒကို နားမလည်သူများ
ဖြစ်သဖြင့် လေဖြတ်သူများ အနှိပ်မခံသင့်ပါ။

No comments:

Post a Comment