Thursday, February 2, 2012

အကြောဖွင့်ခြင်း

အကြောဖွင့်သည်ဆိုခြင်းမှာ အကြောအတွင်း သွေးအသွားအလာ တစ်နည်း၊ လေ
အသွားအလာကို အဖွင့်အပိတ်စနစ်ဖြင့် အကြောဆရာက စစ်ဆေးကြည့်နိုင်ပါသည်။
အကြောပိတ်သောနေရာ (သို့မဟုတ်) ဘယ်ခြမ်း၊ ညာခြမ်း ပိတ်သောအခြမ်းကို
အကြောဖွင့်ရပါမည်။
တစ်ပတ်ကို အနည်းဆုံးနှစ်ရက်၊ အကြောဖွင့်ပေးလျှင် ပြန်ကောင်းနိုင်ပါသည်။
အကြောအလွန် ပိတ်သူများ (ဥပမာ)ရေတစ်ပိုင်းစိုနှင့် အလုပ်လုပ်ရသူများ၊
ခေါင်းအထက်မှ ပန်ကာလေ၊ လေအေးပေးစက်ဖြင့် အထိုင်များ
နှစ်ကြာအလုပ်လုပ်သူများ၊ လမ်းလျှောက်နည်းပြီးဝ၍ အကြောပိတ်သူများ၊
ဝမ်းချုပ်၍ အိမ်သာတတ်လျှင် ကြာကြာထိုင်သူများတွင် အကြောပြင်ပညာ သာမက
တွဲဖက်၍ ဆေးစည်းခြင်း၊ ကြပ်ထုပ်ထိုးခြင်း၊ စားဆေးပေးခြင်းများပါ ဆရာက
ပြုလုပ်ပေးရမည်။ အကြောပြင်ဆရာများသည် အကြောပြင်ရုံ သာမက
အကြောပိတ်ခြင်းကို ဆေးဖြင့်ပါ တွဲဖက်၍ ကုနိုင်သောပညာရှင်များ ဖြစ်ပါသည်။
သွေးတိုး၊ နှလုံး၊ ဆီးချိုရောဂါ ရှိသူများသည် တစ်နည်းမဟုတ် တစ်နည်း
လေဖြတ်နိုင်သောသူများဖြစ်သဖြင့် အကြောပြင်ဆရာနှင့် အကြောဖွင့်ခြင်းကို
ပြုလုပ်ပေးခြင်းဖြင့် ကြိုတင်ကာကွယ်ကြစေချင်ပါသည်။ လေဖြတ်ပြီးမှ
ကုသရလျှင် ရာနှုန်းပြည့်ပြန်ကောင်းရန် အလွန်အလားအလာ နည်းပါသည်။
ပြန်ကောင်းရန်လည်း အကြောပြင် တစ်လမှ ခြောက်လ တစ်နှစ် အချိန်ပေးကုသမှ
ပြန်ကောင်းနိုင်သဖြင့် မဖြစ်မီက ကြိုတင်သတိရှိခြင်းသာ

အကောင်းဆုံးဖြစ်ပါသည်။ အကြောဖွင့်ခြင်းသည် မနာပါ။ မရောင်ပါ။
လေပိတ်သောနေရာများကို အကြောတစ်လျှောက်တွင် ဆရာက ရှာပြီးထောက်ပြီး ပိတ်၊
ဖွင့်စနစ်ဖြင့် အကြောပြင်ပေးခြင်းသာ ဖြစ်ပါသည်။

No comments:

Post a Comment